ကလေးမြို့တွင် ရန်ဖြစ်ရာကနေ အိမ် မီးရှို့မှုဖြစ်ပွား

A d v e r t i s e m e n t With Us

June 18, 2019

ကလေးမြို့တွင် ရန်ဖြစ်ရာကနေ အိမ် မီးရှို့မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်က နေအိမ်တအိမ်မှာ ဇွန်လ ၁၇ ရက် ညနေပိုင်းက သမီးယောက်ဖ အချင်းချင်း စကားများကြရာက တဦးက မကျေနပ်လို့ ဆိုပြီး အိမ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ ကလေးခရိုင် မီးသတ်ဌာန ဒုဦးစီး ဦးအောင်ကိုဌေးက "ဖြစ်တဲ့ သတင်းရတာက ၅ နာရီ ကျော်ကျော်မှာ အချင်းချင်း စကားများပြီး အိမ်မီးနဲ့ရှို့တာ။ အိမ်က မြေစိုက် နှစ်လုံး မီးလောင် သွားတယ်။ မီးကတော့ ၅ နာရီ ခွဲ လောက်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။ မီးလောင်နေတာကို မီးသတ်ဌာနက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁စီး၊ မီးသတ်အင်အား ၃၅ ဦးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။ ခုလို မီးလောင်တာကြောင့် နေအိမ် ၂ လုံးဆုံးရှုံးခဲ့ပြီး ကျား ၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၃ဦး မီးဘေးဒုက္ခရောက်ခဲ့ရပြီး မီးရှို့သူ ကျိန်ထောင်းသွန်ဆိုသူကို ပုဒ်မ ၄၃၆ နဲ့ ကလေးမြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။ သတင်း- မင်းရဲစစ်နိုင်
2 years Ago
Up