ကလေးမြို့ တာဟန်းရပ်ကွက် နေအိမ် ၁ လုံးမီးလောင်

September 16, 2018

ကလေးမြို့ တာဟန်းရပ်ကွက် နေအိမ် ၁ လုံးမီးလောင်

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ ၁၆ ဂန္ဓမာလမ်းမှာ ဒီနေ့ နေ့လယ်ပိုင်းက နှစ်ထပ်တိုက်အိမ်တလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ နေအိမ်အနီး နေထိုင်သူက "စလောင်တာက ၁၁ ခွဲလောက်က လောင်တာပါ။ လောင်တဲ့အချိန် နေအိမ်မှာ လူမရှိဘူး။ မီးမလာခင် အင်ဗာတာဖွင့်ပြီး ဖုန်းကို မီးလာရင် အသင့်ဖြစ်အောင် အားသွင်းပြီး အိမ်ရှင်တွေက ဘုရားကျောင်းသွားချိန် ဖြစ်သွားတာ"လို့ ပြောပါတယ်။ မီလောင်မှုဖြစ်ခဲ့တဲ့ နေအိမ်ဟာ အုတ်နှစ်ထပ်တိုက်ဖြစ်ပြီး နေအိမ်ပိုင်ရှင်ကတော့ ဦးနိုးသောကပ်ဖြစ်ပြီး အိမ်ခြေစိပ်ပေမယ့် မီးသတ်ယာဉ်တွေ အချိန်မီရောက်ခဲ့တာကြောင့် နေအိမ်တလုံးတည်းသာ မီးလောင်ကျွမ်းကာ ဘေးအိမ်တွေ ကူးစက်မှု မရှိခဲ့တာပဲဖြစ်ပါတယ်။ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တဦးက "မီးလောင်တယ် ကြားခြင်း မီးသတ်ယာဉ် ၅ စီးနဲ့ တပ်ဖွဲ့ဝင်တွေ သွားတယ်။ မီးသတ်ချိန် ၅ မိနစ်လောက်မှာ မီးညွန့်ကျိုးသွားတယ်။ ၁၁ နာရီ ၄၅ လောက် ၅၀ လောက်မှာ မီးသတ်နိုင်ခဲ့တယ်။ နေအိမ်ကတော့ တလုံးတည်း လောင်သွားတယ်" လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပါဘူး။ ကလေးမြို့မှာတော့ အခုနှစ် ၂၀၁၈ အတွင်း မြို့ပေါ် ၃ ကြိမ်နဲ့ နယ်ထဲမှာ ၂ ကြိမ်ပေါင်း ၅ ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့လည် ခရိုင်မီးသတ်တပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ မင်းရဲစစ်နိုင်
3 years Ago
Up