ကလေးမြို့မှ စ တာထွက်

November 24, 2016

အိန္ဒိယ-မြန်မာ-ထိုင်း ချစ်ကြည်ရေးမော်တော်ကားမောင်းပြိုင်ပွဲ ကလေးမြို့မှ စ တာထွက်

အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲက ကလေးမြို့ကနေ တာထွက်ခဲ့ပါတယ်။ ချစ်ကြည်ရေးကားပြိုင်ပွဲကို အိန္ဒိယနိုင်ငံကောင်စစ်ဝန်က တာလွှတ်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကားအစီးရေ ၂၃ စီးနဲ့ လူဦး ၆၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ “အိန္ဒိယ-မြန်မာ-ထိုင်း ချစ်ကြည်ရေး ကားပြိုင်ပွဲမှာ ကားအစီးရေ ၂၃ စီး ပါဝင် မောင်းနှင်နေကြ တာ ဖြစ်ပြီး လူဦးရေ ၆၂ ဦး ပါဝင်ခဲ့ပါတယ်။ ကားပြိုင်ပွဲ တာလွှတ်ရာမှာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် ကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါ”လို့ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။ ကလေး - ဂန့်ဂေါ လမ်းပိုင်းကနေ စတင်ထွက်ခွာခဲ့ပြီး ကလေး၊ ဂန့်ဂေါ၊ ပုဂံ၊ မန္တလေး ကနေ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အထိ အသွားအပြန် ၁၉ ရက် ခရီး မောင်းနှင်မယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။ သတင်း - မင်းရဲစစ်နိုင်
6 years Ago
Up