ကလေးမြို့တွင် လေပြင်းတိုက်ခတ်၊ အဆောက်အဦတချို့ ပျက်စီး

May 12, 2016

ကလေးမြို့တွင် လေပြင်းတိုက်ခတ်၊ နေအိမ်အများအပြား ပျက်စီး

ကလေးမြို့နယ် ဒိုးနွယ်ကျေးရွာမှာ မေ ၁၁ ရက် ညနေ ၆ နာရီခွဲလောက်က တိုက်ခတ်တဲ့ လေပြင်းကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရပါတယ်။ လေပြင်းတိုက်ခတ်မှုဟာ ကလေးမြို့ပေါ်နေရာနဲ့ အခြားကျေးရွာတွေ တိုက်ခတ်မှုမရှိခဲ့ဘဲ ကလေးမြို့ တောင်ပိုင်း ဒိုးနွယ်ရွာကိုသာ တိုက်ခတ်ခဲ့တဲ့အတွက် လေပွေအမျိုးအစား တိုက်ခတ်တဲ့ လေလို့ ဒေသခံတွေအနေနဲ့ ယူဆနေပါတယ်။ အဆိုပါ လေပွေကြောင့် ဒိုးနွယ်ရွာ နေအိမ် ၂၅ လုံးနဲ့ နွားစာတိုက် ၃ လုံး ကြာပင်ရွာ စာသင်ကျောင်း အမိုး သွပ်လန်ပျက်စီး ခဲ့ကြောင်း လူနဲ့ တိရိစ္ဆာန် ထိခိုက်မှု မရှိဘူးလို့ ကလေးမြို့နယ် ရဲစခန်းက ပြောပါတယ်။ (သတင်း - မင်းရဲစစ်နိုင်)  
6 years Ago

April 22, 2016

ကလေးမြို့တွင် လေပြင်းတိုက်ခတ်၊ အဆောက်အဦတချို့ ပျက်စီး (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဧပြီ ၂၂ မနက် ၆ နာရီခန့်က လေပြင်းတိုက်ခတ်တဲ့အတွက် ကြို့သုံးပင်ရပ်ကွက်မှာ သစ်ပင်လဲတာကြောင့် နေအိမ်တစ်အိမ် သစ်ပင်ပိပြီး ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။ လူအသေအပျောက် မရှိဘူးလို့လည်း သိရပါတယ်။ (သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်)
6 years Ago
Up