ကလေးမြို့တွင် အင်အား ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်

March 14, 2019

ကလေးမြို့တွင် အင်အား ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနောက်တောင်ဘက်မှာ အင်အား ၅.၁ အဆင့်ရှိ မြေငလျင်တခု လုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မတ် ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်လောက်က ကလေးမြို့ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၀၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၉၂ ဒီဂရီ၊ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅.၁ အဆင့် အင်အား အသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up