ကလေးမြို့

June 22, 2019

ကလေးမြို့တွင် နေအိမ် မီးလောင်

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သိန်းသုံးဆယ်ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ကလေးခရိုင် မီးသတ်ဦးစီးရုံးက ပြောပါတယ်။ "ဖြစ်တာက အိပ်ရာထဲ မွေ့ရာပေါ် ဖုန်းအားသွင်းထားခဲ့ပြီး အပူလွန်ကဲရာကနေ မီးစလောင်ခဲ့တာပါ။ ပထမဆုံး ဖုန်းသတင်းဝင်လာပြီး မီးသတ် အင်အားစုပြီး ချက်ခြင်းထွက်ခွာခဲ့ပါတယ်။ နေအိမ်ကတော့ နံကပ် နှစ်ထပ်၊ အပေါ်ထပ်နဲ့ ပစ္စည်းတချို့ လောင်သွားတယ်" လို့ ခရိုင် မီးသတ်ဌာန ဒုဦးစီးမှူး အောင်ကိုဌေးက ပြောပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ယာဉ် ၅ စီး၊ ရေသည်ယာဉ် ၂ စီး နဲ့ မီးသတ်အင်အား ၄၅ ယောက်နဲ့ ငြှိမ်းသတ်ခဲ့ပြီး မီးသတ်ချိန် နာရီဝက်အတွင်း မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ခဲ့တဲ့အိမ်ကတော့ စမ်းမြို့ ဘုန်းကျောင်းအနီး ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က ဦးဇန်းလျန် နေအိမ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကွန်ပျူတာ ၁ လုံး၊ မွေ့ရာ၊ မှန်တင်ခုံ၊ အဲကွန်း ၂ လုံး၊ ဖုန်း ၁ လုံးနဲ့ နေအိမ်အပေါ်ထပ် တခုလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ နေအိမ်ပိုင်ရှင် ဦးဇန်းလျန်ကို ပုဒ်မ ၂၈၅ နဲ့ တာဟန်းရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
2 years Ago

April 6, 2019

ဆိုင်ကယ် ၈ စီး ခိုးယူသူ ၂ ဦးအား ကလေးမြို့တွင် ဖမ်းမိ

ကလေးမြို့နယ် ကျောင်းတိုက်ရွာက ဆိုင်ကယ် ၈ စီး ခိုးယူသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်တွေကို ရှာဖွေနေတယ်လို့ နယ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးမြို့နယ် ကျောင်းတိုက်ရွာ ဆိုင်ကယ်ဝပ်ရှော့ကနေ ခြေရာခံမိတဲ့ ဆိုင်ကယ်ခိုးသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာက တပတ်အတွင်း ၈ စီး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ နယ်ထိန်းရဲတပ်ဖွဲ့ ရဲတပ်သား ဒါရင်ထန်းက "ကျနော်တို့ ပြီးခဲ့တဲ့ မတ်လ ကုန်ခါနီးက ကျောင်းတိုက်ရွာ နယူမိုး ဆိုင်ကယ်ဝပ်ရှော့မှာ မသကာင်္ဖွယ် ဆိုင်ကယ်လာပြင်တယ်သတင်းအရ သွားရောက်စုံစမ်းရင်း ဖမ်းမိတာ။ ဒီနေ့ထိ စစ်ဆေးနေတာ ၈ စီးပေါ်ပြီ။" ဆိုင်ကယ်ခိုးယူသူ ကျောင်းတိုက်ရွာနေ ညိုလင်းနဲ့ အောင်ဇော်လင်း တို့ကို ဖမ်းဆီးမိခဲ့ဖြစ်ပြီး ပိုင်ရှင်တွေတော့ မသိရသေးဘူးလို့ ဒါရင်ထန်းက ပြောပါတယ်။ "ပိုင်ရှင်မပေါ်သေးဘူး။ ပုံတွေပြပြီး ဖော်ထုတ်ဖို့နဲ့ လူမှုကွန်ရက်သုံး ဖော်ထုတ်ဖို့လည်း လုပ်နေတယ်။" ကိုညိုလင်းနဲ့ ကိုအောင်ဇော်လင်းတို့ကို ပုဒ်မ ၃၈၀ နဲ့ အရေးယူနိုင်ဖို့အတွက် ဖမ်းဆီး အမှုဖွင့်ပြီး ကလေးမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
2 years Ago
More News
Up