ကလေးဝမြို့အနီး အင်အား ၅.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

April 24, 2018

ကလေးဝမြို့အနီး အင်အား ၅.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

  ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ရစ်တာစကေး ၅.၃ အဆင့်ရှိ အင်းအားအသင့်အတင့်ရှိတဲ့  မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ကြေညာပါတယ်။ ဒီကနေ့ ဧပြီ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၉ မိနစ် ၀၆စက္ကန့် အချိန် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၁၈ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
3 years Ago
Up