ကလေးဝမြို့အနီး အင်အား ၄.၅ အဆင့်ရှိ ငလျင်လှုပ်

May 27, 2018

ကလေးဝမြို့အနီး အင်အား ၄.၅ အဆင့်ရှိ ငလျင်လှုပ်

  စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နားမှာ ဒီနေ့ မနက်ပိုင်းက ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မေလ ၂၇ ရက် မနက် ၆ နာရီ ၁၂ မိနစ်၊ ၂၃ စက္ကန့်အချိန်မှာ ကန့်ဘလူမြေငလျင်စခန်းက အနောက်တောင်ဘက် ၆၄ မိုင်လောက်အကွာ၊ ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၂၁ မိုင်လောက်ကွာ၊ မြောက်လတ္တီတွဒ် ၂၂.၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၄ ဒီဂရီ၊ အနက် ၉၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်၊ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု လှုပ်ရှားသွားတာ ဖြစ်ပါတယ်။
4 years Ago
Up