ကလေးပြန်ပေးဆွဲ အမျိုးသမီးကို လုံခြုံရေးကင်မရာမှတဆင့် နောက်ယောင်ခံဖမ်းဆီး (ရုပ်သံ)

May 19, 2016

ကလေးပြန်ပေးဆွဲ အမျိုးသမီးကို လုံခြုံရေးကင်မရာမှတဆင့် နောက်ယောင်ခံဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟိုင်လောင်ကျန်းခရိုင်၊ ဟူနန်စီရင်စုနယ်မြေထဲ မှာ မေလ ၁၅ ရက်နေ့က မွေးကင်းစကလေးငယ်အား ပြန်ပေးဆွဲခဲ့သူ အမျိုးသမီးတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီမွေးကင်းစကလေးငယ်ဟာ ၂ ရက်သားအရွယ်သာရှိသေးပြီး သံသယရှိသူ ပြန်ပေးဆွဲအမျိုးသမီးဟာ ဆေးရုံမွေးလူနာခန်းအတွင်း ၀င်ရောက်ခဲ့ကာ အဝေးကို ခေါ်ဆောင်သွားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရဲတွေဟာ ဆေးရုံမွေးလူနာခန်းအတွင်း တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေ မှတဆင့် နောက်ယောင်ခံပြီး ရှာဖွေခဲ့ကြတာပါ။ ရဲအင်အားအယောက် ၃၀၀ လောက်ဟာ ဒီအမှုမှာ တရားခံကို ဖမ်းဆီးနိုင်ဖို့ လမ်း တလျှောက်ကင်မရာတွေမှတဆင့် နောက်ယောင်ခံလိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ ရုပ်သံဖိုင်ထဲမှာ ကလေးပြန်ပေးဆွဲအမျိုးသမီးဟာ ဆေးရုံကနေ ကားတစီးနဲ့ ကလေးကို ဟိုတယ် တခုဆီခေါ်ဆောင်သွားခဲ့တာပါ။ ရဲတွေဟာ အချိန် ၇ နာရီကြာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ အဆိုပါ အမျိုးသမီးရှိနေတဲ့ အခန်းတွင်း စီးနင်းရှာဖွေနိုင်ခဲ့ပြီး ကလေးကို မိဘတွေဆီ ပြန်ပို့ နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up