ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၅၃ နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ကလေးပြည့်တန်ဆာ ၀ယ်ယူမှုနဲ့ တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဘရိုင်ယန်နက်စ်ဝေါလ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ ဖနွမ်းပင်မြို့တော်အခြေစိုက် Aero Cambodia လေယာဉ်ထုတ်လုပ်ရေး သင်တန်းမှ အမှုဆောင်အရာရှိချုပ်တဦး ဖြစ်ပါတယ်။
သူ့မှာ ကလေးပြည့်တန်ဆာ ၀ယ်ယူမှုနဲ့ ပတ်သက်တဲ့ သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ တရားမမှု ဆုံးဖြတ်ချက်မှာ ဖနွမ်းပင်မြို့တော် တရားရုံးမှ တရားသူကြီး ခေချေက ထုတ်ပြန်ကြေညာခဲ့တာပါ။
တရားရုံးဆုံးဖြတ်ချက်ထဲမှာ ပြစ်မှုကျူးလွန်ခံရတဲ့သူ ၈ ဦးကို တဦးချင်းစီ အမေရိကန်ဒေါ်လာ ၂၀၀၀ လျော်ကြေးအဖြစ် ပေးဆောင်စေဖို့လည်း ပါရှိပါတယ်။
နက်စ်ဝဲလ်ကို ၂၀၁၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ ခိုပစ်ခ်ျကျွန်းမှာ ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို သူ့ရဲ့သူငယ်ချင်း ၂ ဦးရှေ့မှာ သူ့ရဲ့လိင်အင်္ဂါကို ထိကိုင်စေတဲ့အမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တာပါ။
သူဟာ တခြား အသက်မပြည့်သေးတဲ့ မိန်းကလေး ၆ ဦးကိုလည်း ခုလို ပြစ်မှုကျူးလွန်ခဲ့ပါသေးတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေမှ ကာကွယ်အဆုံးသတ်နိုင်ဖို့ ၂၀၀၃ ခုနှစ်မှာမှ စတင်လာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအတွက် ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
7 years Ago