ကလေးမွေးနေ့ပွဲကျင်းပစဉ် သေနတ်ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

A d v e r t i s e m e n t With Us

November 18, 2016

ကလေးမွေးနေ့ပွဲကျင်းပစဉ် သေနတ်ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တဦးရဲ့ မွေးနေ့ပွဲ ကျင်းပချိန် သေနတ်ပစ်ခတ်မှုတခုဖြစ်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကာ ၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့က တင်နက်ဆီပြည်နယ်၊ ဒိုင်ယာစ်ဘာ့ဂ်မြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒဏ်ရာရရှိခဲ့သူတွေထဲမှာ ၆ နှစ်အရွယ် ကလေးတဦး ပါဝင်ပြီး သေနတ်ဒဏ်ရာ တွေကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားခဲ့ရပါတယ်။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်း အသေးစိတ်ကို မသိရှိနိုင်သေးဘဲ သံသယရှိတဲ့ တရားခံကို ရဲတွေက ရှာဖွေနေတာပါ။ ဒိုင်ယာစ်ဘာ့ဂ်မြို့ဟာ တင်နက်ဆီပြည်နယ်မြို့တော် မင်းဖစ်စ်မြို့ရဲ့ မြောက်ဘက် ၇၃ မိုင်အကွာမှာ တည်ရှိပါတယ်။
4 years Ago
Up