ကလေးဖော်ချွတ်ဓာတ်ပုံ အမြောက်အမြား သိမ်းထားသည့် ဆရာဝန် ထောင်ဒဏ် နှစ် ၆၀ ချခံရ

December 8, 2017

ကလေးဖော်ချွတ်ဓာတ်ပုံ အမြောက်အမြား သိမ်းထားသည့် ဆရာဝန် ထောင်ဒဏ် နှစ် ၆၀ ချခံရ

အမေရိကန်နိုင်ငံမှာ ကလေးအဖော်အချွတ်ဓာတ်ပုံ၊ ဗွီဒီယိုတွေ အမြောက်အမြား လက်ဝယ် သိမ်းဆည်းထားတဲ့ ကာလဗလလေ့ကျင့်ရေးဆိုင်ရာ ဆရာဝန်တဦးကို ထောင်ဒဏ် နှစ် ၆၀ ချမှတ်လိုက်ပါတယ်။ ထောင်ဒဏ် အနှစ် ၆၀ ချမှတ်ခံခဲ့ရတဲ့ ကာယဗလလေ့ကျင့်ရေးဆိုင်ရာ ဆရာဝန် လယ်ရီနက်ဆာဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်မှုနဲ့ စွပ်စွဲခံနေရသူဖြစ်ပြီး မီချီဂန်ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စုတရားရုံးတရုံးက ဒီဇင်ဘာ ၇ ရက်မှာ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ် လယ်ရီနက်ဆာဟာ ကလေးသူငယ်တွေရဲ့ အဖော်အချွတ်ဓာတ်ပုံ၊ ဗွီဒီယို ထောင်နဲ့ချီပြီး လက်ဝယ်သိမ်းဆည်းထားကြောင်း အခုနှစ် ဇူလိုင်လက ဝန်ခံပြောကြားထားပါတယ်။ သူ့ကို ကလေးသူငယ် အဖော်အချွတ်ဆိုင်ရာ ပြည်ထောင်စု ဥပဒေနဲ့ အခုလို ထောင်ဒဏ် နှစ် ၆၀ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ သူဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ ပေါ်ထွက်လာတဲ့ ကလေးသူငယ် အဖော်အချွတ်ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင် ထောင်နဲ့ချီပြီး သိမ်းဆည်းထားတာလည်း ဖြစ်ပါတယ်။ ကာယဗလ လေ့ကျင့်ခန်းနဲ့ဆိုင်တဲ့ ဆရာဝန် လယ်ရီနက်ဆာဟာ မိန်းကလေးငယ် တဦးကို ဆေးဝါးကုသဖို့ အကြောင်းပြချက်နဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုကိုလည်း မှန်ကန်ကြောင်း ဝန်ခံပြောကြားထားပါတယ်။ အဲဒီပြစ်မှုနဲ့ ပတ်သက်ပြီး နောက်နှစ် ဇန်နဝါရီလမှာ မီရှီဂန် တရားရုံး ၂ ရုံးကနေ အမိန့်ချမှတ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up