ကလေးအမြွှာ

February 17, 2017

ကလေးအမြွှာ ၂ ဦးကို အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့သည့် ၆၄ နှစ်အရွယ် အမျိုးသမီး

စပိန်နိုင်ငံ မြောက်ပိုင်းသူ အသက် ၆၄ နှစ်အရွယ်ရှိ အမျိုးသမီးတဦးဟာ သုက်ပိုးထည့်နည်းနဲ့ ယောက်ျားလေး၊ မိန်းကလေး အမြွှာ ၂ ဦးကို အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ မျိုးဥဆိုင်ရာ ကုသမှုကို အမေရိကန်နိုင်ငံမှာ ခံယူခဲ့ပြီးနောက် ခုလိုမွေးခဲ့တာလို့ ဘူးဂိုးစ် ရေကိုလေသာ (Burgos Recoletas) ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း သူမဟာ ဒီဆေးရုံမှာပဲ မိန်းကလေးတဦး မွေးခဲ့ပါသေးတယ်။ မိသားစုတရားရုံးက အဲဒီအမျိုးသမီးဟာ ကလေးကို လျစ်လျူရှုထားခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပထမသမီးလေးကို အုပ်ထိန်းခွင့် ဆုံးရှုံးခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ စပိန် လူမှုဖူလုံရေးအဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောတာ ဘာမှ မရှိသေးပါဘူး။
4 years Ago
Up