ကလေးအရွယ် လိင်ဆက်ဆံဖော်အရုပ်မ ရောင်းချမှုအပေါ် ဝေဖန် အငြင်းပွား

August 2, 2017

ကလေးအရွယ် လိင်ဆက်ဆံဖော်အရုပ်မ ရောင်းချမှုအပေါ် ဝေဖန် အငြင်းပွား

အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်တွေကတဆင့် ရောင်းချနေတဲ့ ကလေးအရွယ် လိင်ဆက်ဆံဖော် အရုပ်မတွေ ရောင်းဝယ်မှုဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို အားပေးအားမြှောက်ပြုရာ ရောက်တယ်လို့ အငြင်းပွား ဝေဖန်စရာ ဖြစ်လာနေပါတယ်။ မူလတန်းကျောင်းတကျောင်းက အကြီးအကဲဟောင်းတဦးဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် ဒေးဗစ်တျူနာဟာ ကလေးတယောက်အရွယ် လိင်ဆက်ဆံဖော်အရုပ်နဲ့ ဆက်ဆံခဲ့တယ်လို့ ဝန်ခံခဲ့အပြီး အခုလို ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။ တျူနာဟာ အင်္ဂလန်နိုင်ငံ၊ ရမ်စ်ဂိတ်တ်မြို့မှဖြစ်ပြီး အဲဒီအရုပ်ကို ဇနီးဖြစ်သူကွယ်လွန်ပြီး နောက်ပိုင်း အဖော်ရလိုရုံအဖြစ်သာ ဝယ်ယူခဲ့တာဖြစ်ပြီး ကလေးတယောက်လိုမျိုး ဝတ်ဆင်ပေးထားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ အဲဒီ ကလေးအရွယ် အရုပ်မနဲ့ လိင်ဆက်ဆံမှု ပြုခဲ့တယ်လို့ ဝန်ခံထွက်ဆိုလိုက်တာ ဖြစ်ပါတယ်။ သူ့ဆီမှာ ကလေးအရွယ် လိင်ဆက်ဆံဖော်အရုပ် ၂ ရုပ် ရှိနှင့်ပြီးဖြစ်ကာ တတိယမြောက် အရုပ်ကို တင်သွင်းဖို့ ကြိုးစားချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ အဲဒီအရုပ်ကို တရုတ်နိုင်ငံကနေ တင်သွင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒါဟာ ဥပဒေအရ တားမြစ်ထားတဲ့ ညစ်ညမ်းပစ္စည်းတခု မဟုတ်ဘူးလို့ သူ့ရဲ့ရှေ့နေတွေက ကာကွယ် ပြောဆိုပါတယ်။ ဒီအမှုကို လာမယ့် စက်တင်ဘာလမှာ အမိန့်ချမှတ်မှာဖြစ်ပြီး အမျိုးသားရာဇဝတ် ပြစ်မှုဆိုင်ရာ အေဂျင်စီကတော့ ဒါဟာ ခုလိုအမျိုးအစားနဲ့ ပတ်သက်လို့ ပထမဆုံး ပြဋ္ဌာန်းချက်တခု ဖြစ်လာမှာလို့ ဆိုပါတယ်။
4 years Ago
Up