ကလေးအရွယ်

September 30, 2017

ကလေးအရွယ် လိင်ဆက်ဆံဖော်အရုပ် တင်သွင်းသူ ထောင်ဒဏ် ချမှတ်ခံရ

ကလေးပုံစံ လိင်ဆက်ဆံဖော်အရုပ် တင်သွင်းခဲ့သူကို ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဟောင်ကောင်မှ တင်ပို့လာတဲ့ အထုတ်တထုတ်ကို စတန်းစတက်လေဆိပ်မှာ နယ်စပ်တပ်ဖွဲ့အရာရှိတွေက စစ်ဆေးအပြီး အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း အက်စက်စ်ကောင်တီမှာ နေထိုင်တဲ့ ဆိုင်မွန် ဂလဲရမ် အသက် ၃၃ နှစ်ကို ဖမ်းဆီးလိုက်တယ်လို့ အက်စက်စ်ရဲတွေက ပြောလိုက်ပါတယ်။ အထုတ်ထဲမှာ ၃ ပေ ၃ လက်မ အရှည်ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံပါတဲ့ အရုပ်ပါပြီး အသားကပ်အင်္ကျီအပါအဝင် အခြားပစ္စည်းအမယ်တွေလည်း ပါတယ်၊ အထုတ်ကို လူပုံစံအရုပ်လို့ စာကပ်ထားကြောင်း သိရပါတယ်။ ဂလဲရမ်ကို အက်စက်စ်ကောင်တီ ဂရိတ်ဘာ့ဒ်ဖီးလ်ဒ်ရွာ ဘရစ်ခ်ျလမ်းပေါ်က သူ့ရဲ့အိမ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး အင်တာနက်ကနေ ရပြီးသိမ်းဆည်းထားတဲ့ ကလေးသူငယ်တွေကို မတော်တရော်ပြုကျင့်တဲ့ ပုံတွေ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ တွေ့ရှိတဲ့ သူ့ရဲ့လက်တော့ပ်ကွန်ပျူတာကိုလည်း ရဲတွေက သိမ်းဆည်းလိုက်ပါတယ်။ အရုပ်တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဂလဲရမ်က ချမ်းလ်စ်ဖို့ဒ် တရားရုံးမှာ ဝန်ခံလိုက်ပြီး မသင့်တော်တဲ့ ကလေးဓာတ်ပုံတွေအတွက် အမှု ၃ မှု တားမြစ်ရုပ်ပုံ ပိုင်ဆိုင်မှုအတွက် အမှု ၁ မှုနဲ့ တရားစွဲခံခဲ့ရတာပါ။ ဂလဲရမ်ကို စက်တင်ဘာ ၂၉ ရက်နေ့က ၂၄ လ ဆိုင်းငံ့ထောင်ဒဏ်နဲ့ အမှု ၅ မှုအတွက် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာပါ။ ကလေးလိင်ဆက်ဆံဖော်အရုပ်ကို ဖျက်ဆီးလိုက်ပြီး ဂလဲရမ်ကို လိင်ပိုင်းဆိုင်ရာ အန္တရာယ် ကာကွယ်ရေး အမိန့် ၅ နှစ် ချမှတ်ကာ သူက လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကုသရေး အစီအစဉ်ကို ပြီးမြောက်ရမှာဖြစ်ပြီး သူ့ကို ရက် ၂၀ ပြန်လည်ကုစားရမယ်လို့ ဆိုပါတယ်။ “ကလေးအရွယ် လိင်ဆက်ဆံဖော်အရုပ်တွေ တင်သွင်းမှုက ကလေးသူငယ်တွေအပေါ် ပြုကျင့်တဲ့ ရာဇဝတ်မှုဖြစ်ပြီး ဒီအမှုမှာဆိုရင် ကလေးတွေ မတော်တရော်လုပ်ထားတဲ့ ပုံတွေလည်း ဂလဲရမ်ရဲ့ ကွန်ပျူတာပေါ်မှာ တွေ့ခဲ့တယ်” လို့ စုံစမ်းရေးအရာရှိ နီးလ်မစ်လာက ပြောပါတယ်။ “ကျနော်တို့က နယ်စပ်တပ်ဖွဲ့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ကလေးတွေကို အန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ ဒီလို ညစ်ညမ်းတဲ့ပစ္စည်းတွေ တင်သွင်းမှုကိုလည်း ကာကွယ်သွားမယ်” လို့ စုံစမ်းရေး အရာရှိက ပြောကြောင်း မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up