ကလေးသူငယ် လိင်ပိုင်းစော်ကားမှုဖြင့် စွပ်စွဲခံရသည့် ဆီယက်တယ်လ်မြို့တော်ဝန် ရာထူးမှ နုတ်ထွက်

September 13, 2017

ကလေးသူငယ် လိင်ပိုင်းစော်ကားမှုဖြင့် စွပ်စွဲခံရသည့် ဆီယက်တယ်လ်မြို့တော်ဝန် ရာထူးမှ နုတ်ထွက်

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ဆီယက်တယ်လ်မြို့တော်ဝန်ဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခံခဲ့ရပြီး စက်တင်ဘာ ၁၃ ရက်က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ မိန်းမလျာတဦးဖြစ်တဲ့ ဆီယက်တယ်လ်မြို့တော်ဝန် အက်ဒ်မာရေးဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တာဝန်တွေကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဝါရှင်တန်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ချိန် လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင်ဖြစ်အောင် ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ဆီယက်တယ်လ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာလည်း အနိမ့်ဆုံး လုပ်ခလစာကို တိုးမြှင့်ပေးဖို့ ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ဆီယက်တယ်လ်မြို့တော်ဝန် အက်ဒ်မာရေးက ကလေးသူငယ် လိင်စော်ကားမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဒီကိစ္စဟာ နိုင်ငံရေးတိုက်ကွက်ဖြစ်တယ်လို့ ပြန်တည်တုံ့ပြန်ထားပါတယ်။
4 years Ago
Up