ကလေးသူငယ်ညစ်ညမ်း ဗွီဒီယို

June 9, 2018

ကလေးသူငယ်ညစ်ညမ်း ဗွီဒီယို ၃၀၀ ကျော် လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ရုရှားတဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ကလေးသူငယ်ညစ်ညမ်း ဗွီဒီယိုကလစ်ပ်တွေ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ရုရှားလူမျိုးတဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇွန်လ ၇ ရက်နေ့က ဖော်ပြပါတယ်။ ဖမ်းဆီးရှာဖွေမှု ၀ရမ်းမိန့်နဲ့အတူ ချောင်ဘူရီခရိုင်၊ ဘန်လာမန်ဒေသတွင်းမှ အဆိုပါ အမျိုးသားနေထိုင်ရာ အခန်းကို ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်မှာ ခုလိုတွေ့ရှိခဲ့ရတာပါ။ အသက် ၃၉ နှစ်အရွယ် အလက်ဇ်ဆီ ဖက်ဒိဗ်အမည်ရတဲ့ အဆိုပါအမျိုးသားရဲ့ မူမမှန်တဲ့ အပြုအမူကြောင့် ခြေရာခံစုံစမ်းနေခဲ့ကြတာဖြစ်ပြီး သူ့ရဲ့ နုတ်တ်ဘုတ်ကွန်ပျူတာထဲမှာ ကလေးသူငယ်ညစ်ညမ်း ဗွီဒီယိုဖိုင်ပေါင်း ၃၀၀ ကျော်တွေ့ရှိခဲ့ရကာ အဲဒီထဲက ဗွီဒီယိုဖိုင် ၄ ခုထဲမှာတော့ ယောကျာ်းလေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ထိုင်းခရီးသွားရဲဌာနမှ ဒုတိယဗိုလ်မှူးကြီး ဆူရာချိတ် ဟက်ခ်ဖန်ကတော့ တရားခံ ဖက်ဒိဗ်အနေနဲ့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးဒဏ်ကြေးငွေဘတ် ၁ သိန်းနဲ့ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ဒါမှမဟုတ် သီးခြားစီကျခံနိုင်ရနိုင်ချေရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရဲဌာနက သူဟာ ဒီပုံတွေကို လိင်ပိုင်းဆိုင်ရာ စီးပွားရေးအလို့ငှာ အသုံးပြုထားခြင်း ရှိမရှိနဲ့ ဗွီဒီယိုကလစ်ပ်တွေကို လိင်ကုန်ကူးမှုတွေနဲ့ ချိတ်ဆက်လုပ် ဆောင်ခဲ့တာမျိုးရှိမရှိ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
3 years Ago
Up