ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုးချာဟာ ဒီနေ့ကျရောက်တဲ့ ထိုင်းနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်ပွဲမှာ ကလေးတွေနဲ့ အတူ လက်ဝှေ့ကစားပြခဲ့ပါတယ်။
ဒီကနေ့ ၀န်ကြီးချုပ်ရုံးမှာပြုလုပ်တဲ့ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၀န်ကြီးချုပ် ကိုယ်တိုင် ကလေးတွေနဲ့ ကစားခဲ့တာလို့ ခေါင်စွပ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လာရောက်တဲ့ ကလေးတွေနဲ့ မိဘတွေကိုလည်း နှုတ်ဆက်ခဲ့ကြောင်း သတင်းက ဆိုပါတယ်။
ရုပ်သံ - မတီချွန်
7 years Ago