ကလေးမုဒိမ်းမှုကျူးလွန်သူ ထိုင်းအကျဉ်းသား ထောင်တွင်းရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံး

July 4, 2017

ကလေးမုဒိမ်းမှုကျူးလွန်သူကို အမျိုးသမီးများက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက် (ရုပ်သံ)

ကလေးသူငယ်မုဒိမ်းမှု ကျူးလွန်သူ အမျိုးသားတဦးကို အမျိုးသမီးအုပ်စုကြီးက ဒေါသတကြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်တခု လတ်တလော ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ တနေရာမှာ ဖြစ်ခဲ့တာလို့ လိုက်ဖ်လိခ် သတင်းတပုဒ်မှာ ဇူလိုင် ၄ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တရားခံ အမျိုးသားဟာ ဆာရီဝတ် အမျိုးသမီးအုပ်စုကြီးရဲ့ အလယ် မြေပြင်ပေါ်မှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီအမျိုးသားရဲ့ ခန္ဓာကိုယ်ကို ကြိုးတွေနဲ့ ချည်နှောင်ထားတာ တွေ့ရပြီး အမျိုးသမီးတွေကတော့ တုတ်တွေ ကိုင်ဆောင်ထားခဲ့ကြတာပါ။ အမျိုးသမီးတွေထဲမှာ ကလေးချီထားသူတွေရော၊ ဘေးကရပ်ကြည့်နေကြသူတွေပါ တွေ့ရပြီး သူတို့ဟာ အမျိုးသားကို အော်ဟစ်ဆဲဆိုပြီး တုတ်တွေနဲ့ ဒေါသတကြီး ရိုက်နှက်နေခဲ့ကြတာကို တွေ့ရပါတယ်။
6 years Ago

January 7, 2016

ကလေးမုဒိမ်းမှုကျူးလွန်သူ ထိုင်းအကျဉ်းသား ထောင်တွင်းရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံး

အသက် ၁၅ နှစ်မပြည့်သေးတဲ့ ကလေးငယ်တဦးကို မုဒိမ်းမှုကျူးလွန်ခဲ့လို့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတဦးဟာ ဇန်န၀ါရီလ ၆ ရက်နေ့က နွန်ထဘူ ရီအကျဉ်းထောင်တွင်းမှာ ထိုးနှက်ဒဏ်ရာတွေ နဲ့ သေဆုံးနေတာ တွေ့ရှိရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၇ နှစ်အရွယ် ၀ီမော်လ်ပရီးပရမ်အမည်ရတဲ့ အဲဒီအကျဉ်းသားကို ထိုး နှက်ဒဏ်ရာတွေနဲ့အတူ ဝှေးစေ့ကို ရာဘာကြိုးအနက်တွေနဲ့ တင်းတင်းကြပ်ကြပ်ချည် နှောင်လျက်သား သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ နွန်ထဘူရီရဲစခန်းမှ တာဝန်ကျရဲအရာရှိ ရက်ခ်ျနော့ဘန်နမ်က ပြောပါတယ်။ ၀ီမော်လ်ဟာ စိုင်နွိုင်းမြို့နယ်မှာ အသက် ၁၅ နှစ်မပြည့်သေးတဲ့ ကလေးငယ်တဦးကို မုဒိမ်းမှုကျူးလွန်ခဲ့တာကြောင့် ဖမ်းခံခဲ့ရတာဖြစ်ပြီး နွန်ထဘူရီအကျဉ်းထောင်ကို ဇန်န၀ါရီလ ၂ ရက်နေ့ကမှ ပို့ဆောင်ခံခဲ့ရတာပါ။ ၀ီလ်မော်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ထိုးနှက်ခဲ့ပြီး ဝှေးစေ့အထက်ကပ်ပယ်အိတ် နေရာကို ရာဘာကြိုးအနက်နဲ့ တင်းတင်းကြပ်ကြပ်ချည်နှောင်သတ်ခံခဲ့ရတာဖြစ်ပြီး သတ်ဖြတ်သူတွေဟာ တယောက်ထက်မက ပိုနိုင်တယ်လို့ ရဲအရာရှိတွေ၊ မှုခင်းဆိုင်ရာ ဆရာဝန်တွေနဲ့ စုံစမ်းစစ် ဆေးရေးအရာရှိတွေက ဆိုပါတယ်။ လက်ရှိမှာတော့ အကျဉ်းစခန်းတွင်း အတူတကွရှိနေတဲ့ အကျဉ်းသားတွေနဲ့ အကျဉ်းထောင်ဝန်ထမ်း ၃၀ လောက်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ဒီအန်အေစစ်ဆေး မှုတွေပါ စုဆောင်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းရတ်သတင်းတပုဒ်မှာတော့ အကျဉ်းခန်းတွင်းအတူရှိခဲ့ကြတဲ့ အကျဉ်းသား ၂၄ ဦးကတော့ ၀ီလ်မော်ကို မသတ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ကြကြောင်း ဖော်ပြပါတယ်။
7 years Ago
Up