ကလေးစွန့်ပစ်မှုနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးခံရ

July 12, 2015

ကလေးစစ်သား အရေး လေ့လာရန် ကုလကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ် Leila Zerrougui ဟာ မြန်မာနိုင်ငံကို ဇူလိုင် ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ အထူးကိုယ်စားလှယ်ဟာ  ဇူလိုင် ၁၇ ရက်နေ့အထိ ရှိနေမှာ ဖြစ်ပြီး မြန်မာအစိုးရ ၂၀၁၂ က လက်မှတ်ရေးထိုးထားတဲ့ ကလေးစစ်သား စုဆောင်မှု အဆုံးသတ်ရေးကို ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ ဆိုတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးငယ်တွေ ဘယ်လို ဒုက္ခရောက်ရတယ်ဆိုတဲ့ အခြေအနေတွေကို လေ့လာဖို့ လာရောက်တာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ မြစ်ကြီးနားတို့ကိုလည်း သွားရောက်ပြီး မြန်မာအာဏာပိုင်တွေ၊ ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာပါ။ ဒါ့အပြင်  လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်နွှယ်ခဲ့ဖူးတဲ့  ကလေးသူငယ်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန် ယူနီဆက်ဖ်ရုံးမှာ ဇူလိုင် ၁၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့  ကြေညာထားပါတယ်။
6 years Ago

July 3, 2015

လယ်တောအိမ်ကျောင်း မြန်မာရွှေ့ပြောင်းကလေးငယ်များ ကစားကွင်း (ဓာတ်ပုံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲ့ချဲ့ရို့ရွာမှာ မြန်မာရွှေ့ပြောင်း ကလေးငယ် ၁၀၀ ကျော်အတွက် အခမဲ့ ပညာသင်ကြားပေးနေတဲ့ ကျောင်းမှာ ကလေးကစားကွင်း တည်ဆောက် ဖွင့်လှစ်လိုက်ပါတယ်။ တိုင်းရင်းသားဒေသ အသီးသီးက အလုပ်အကိုင် ရှာဖွေဖို့ ပြောင်းရွှေ့လာတဲ့ မိဘတွေနဲ့အတူ ရောက်ရှိနေတဲ့ ကလေးငယ်တွေကို လယ်တောအိမ်လို့ နာမည်ပေးတဲ့ကျောင်းမှာ စိတ်အနာတရတွေကို ဖြေဖျောက်ကာ ပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျောင်းကိုတော့ ရွှေ့ပြောင်းမြန်မာ ပရဟိတလူငယ်တွေက တနိုင်တပိုင် အလှူငွေတွေအပြင် နီးစပ်တဲ့ အလှူရှင်တွေက စုပေါင်းလှူဒါန်းငွေတွေနဲ့ ကူညီပံ့ပိုးနေတာ ဖြစ်ပြီး ကလေးငယ် ၁၂၂ ယောက်ကို ပညာသင်ကြားပေးနေပါတယ်။ ကလေးငယ်တွေ ကျန်းမာရေးအတွက်လည်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များအစည်းရုံးက ဆရာဝန် ၁ ဦးက အခမဲ့ စောင့်ရှောက်ကုသပေးနေတယ်လို့ ဒီပညာသင်ကျောင်းနဲ့ ပတ်သက်လို့ ဦးဆောင် လုပ်ကိုင်နေတဲ့ ကိုဂျော်နီက ပြောပါတယ်။  
6 years Ago
More News
Up