ကလေးငိုသံ

A d v e r t i s e m e n t With Us

September 15, 2015

တပတ်ကြာ မေ့မြောနေသည့် မိခင် ကလေးငိုသံကြောင့် ပြန်သတိရ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်ရိုလိုင်းနား မြောက်ပိုင်းမှာ ကလေးမွေးဖွားပြီး မေ့မြောနေတဲ့ မိခင် ဟာ ကလေးရဲ့ အသံကြောင့် ပြန်သတိရလာပါတယ်။ အသက် ၂၃ နှစ်အရွယ် ရှယ်လီ ကော်လေးက အရေးပေါ် ခွဲစိတ်မွေးဖွားခဲ့ပြီးတဲ့နောက် တပတ်ကြာ မေ့မြောသွားခဲ့လို့ ဆရာဝန်တွေကလည်း သူ့ကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုပြီး တွေးပူခဲ့တာပါ။ ဆိုးဝါးနေတဲ့ အခြေအနေမှာ ကလေးကို သူ့ရဲ့ရင်ဘတ်မှာ တင်ပေးဖို့ သူနာပြုတွေက အကြံပေးခဲ့ပါတယ်။ ကလေးငိုသံကြားပြီးတဲ့နောက်မှာတော့ ရှယ်လီ မျက်စိပြန်ပွင့်လာပြီး သေရွာက ပြန်လာနိုင်တယ်လို့ ဆိုပါတယ်။ "မမွေးဖွားခင်က အခြေအနေ အားလုံးကိုတော့ မှတ်မိပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စကားပြောနေတာကိုလည်း မှတ်မိပါတယ်။ ဒါပြီးရင် မနိုးတော့မှာကို ကြောက်တဲ့အကြောင်း ငိုယိုပြောဆိုခဲ့တာကိုလည်း မှတ်မိပါတယ်” လို့ ရှယ်လီက ပြောပါတယ်။
5 years Ago
Up