ကလေးငယ် ၁၃ ဦး သေဆုံး

April 27, 2018

အိန္ဒိယတွင် ရထားနှင့်ကျောင်းကား တိုက်မိ၊ ကလေးငယ် ၁၃ ဦး သေဆုံး

  အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ ဧပြီ ၂၆ ရက်က ရထားတစီးနဲ့ ကျောင်းကား တိုက်မိခဲ့လို့ ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ယာဉ်မတော်တဆမှုဟာ မနက်အစောပိုင်း ကျောင်းသွားချိန်ဖြစ်ပွားခဲ့တာပါ။ ကျောင်းကားပေါ်မှာ ကလေးငယ် ၂၂ ယောက် လိုက်ပါလာခဲ့ပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်တဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ အူတပရာဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပြီး သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကြေး ဒေါ်လာ ၃ ထောင်နီးပါးနဲ့ ညီမျတဲ့ ရူပီးငွေ ၂ သိန်း ပေးအပ်သွားဖို ကြေညာခဲ့ပါတယ်။
3 years Ago
Up