ကလေးငယ် ကွယ်လွန်

January 29, 2019

ရသေ့တောင် သမီးလှရွာသစ်က လက်နက်ကြီးကျည်စမှန်သည့် ကလေးငယ် ကွယ်လွန်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ်က လက်နက်ကြီးကျည်အစ မှန်တဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ် မောင်နိုင်စိုး ကွယ်​လွန်​သွားပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက ​အေ​အေနဲ့ တပ်​မ​တော်တို့​ တိုက်​ပွဲဖြစ်​ပွားမှု​ကြောင့် ရွာထဲကို လက်နက်ကြီးကျည်ဆန်ကျရာမှ ဦး​ခေါင်းမှာဒဏ်​ရာရှိခဲ့တဲ့​ အသက် ၇ နှစ်ကလေး မောင်နိုင်စိုး ရန်​ကုန်​​ဆေးရုံကိုအသွား ​ကျောက်​​တော်​မြိုနယ်​အ​ရောက်​မှာ ကွယ်​လွန်​သွား​ပါတယ်။ စစ်​​တွေလူမူကူညီ​ရေးအဖွဲ့မှာ ဆရာဦးသန်းထွန်းက မောင်နိုင်စိုးဟာ ပြီးခဲ့တဲ့ စနေနေ့က ရသေ့တောင်ကနေ စစ်တွေဆေးရုံကို ရောက်ရှိကုသခဲ့ရာ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ပို့ဆောင်ချိန်မှာ ကွယ်လွန်သွားတာလို့ ပြောပါတယ်။ “ကလေးငယ် ရန်ကုန်သို့ အမြန်ဆုံးရောက်ရှိနိုင်ရေး၊ ရန်ကုန် ရောက်လျင် ဆေးရုံ တက်ရောက်နိုင်ရေးကို ရန်ကုန်သို့ချိတ်ဆက်ပြီး အစစ စီစဉ်ထားပေးခဲ့ကြပါတယ်​။ သို့သော် က​လေးကံဆိုးခဲ့ပါတယ်။ ရန်ကုန်အပို့ ကျောက်တော်မြို့နယ်အနီးအရောက် ည ၈ နာရီခန့်​မှအချိန် ကားပေါ်၌ သေဆုံးသွားခဲ့ပါပြီ။ ခု စစ်​​တွေကို ပြန်​သယ်​လာပါပြီ။ က​လေးရဲ့ အ​ဖေဖြစ်​သူကလည်း အလွန်​ပင်​ပန်းပြီး သတိလစ်​​နေပါတယ်​။ အ​ဖေ သတိပြန်​ရမှ ဘယ်​မှာ သင်္ဂြိုဟ်​မလဲ သူအ​ဖေဆန္ဒအတိုင်း ကျနော်​တို့ ကူညီသွားမှာပါ။" ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက သမီးလှရွာသစ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုး အပါအ၀င် ကျေးရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မောင်နိုင်စိုးဟာ နေအိမ်အတွင်း မိသားစုနဲ့အတူ မီးလှုံနေစဉ် လက်နက်ကြီး ကျည်ဆန်အစ ထိမှန်ခဲ့တာဖြစ်ပါတယ်။
2 years Ago
Up