ကလေးငယ်အား ဓားစာခံလုပ် ဓားပြတိုက်သူကို ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီး (ရုပ်သံ)

May 14, 2016

ကလေးငယ်အား ဓားစာခံလုပ် ဓားပြတိုက်သူကို ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင် ဘန်းယိုင်မြို့နယ် ဘစ်စီး Big C ကုန်တိုက်မှာ မေလ ၁၃ ရက် နေ့ခင်းပိုင်းက ရွှေဆိုင်ဓားပြတိုက်ပြီး ဆယ်နှစ်ရွယ် မိန်းကလေးငယ်တဦးကို တန်ဆာခံအဖြစ် ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားလို့ ယူဆသူတဦးက ယောင်ဝရတ်ရွှေဆိုင်ကိုဝင်ပြီး ဓားထောက်လုယက်ဖို့ ပြင်နေတုန်း လူတွေဝိုင်းလာတဲ့အတွက် အနီးနားရှိ ဆယ်နှစ်ရွယ် မိန်းကလေးငယ်တဦးကို ဖမ်းကာ တန်ဆာခံလုပ်ခဲ့ကြောင်း၊ ဒါပေမယ့် လူအုပ်ကြီးက အတင်းဝင်ရောက်ပြီး မိန်းကလေးကို ကယ်တင်ခဲ့သလို အဆိုပါ ဓားပြကိုလည်း ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။ ရွှေဆိုင်ဓားပြတိုက်သူဟာ ဘယ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
6 years Ago
Up