ကလေးငယ်များ

June 1, 2019

ကော်ရှူ ကလေးငယ်များကိစ္စ အမိန့်ညွှန်ကြားချက်ထုတ် ထိန်းချုပ်သင့်

ကော်ရှူတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ အမိန့်ညွှန်ကြားချက်ထုတ်ပြီး ထိန်းချုပ်သင့်တယ်လို့ ကလေးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကော်ရှူနေတဲ့ ကလေးငယ်တွေရဲ့ ဗွီဒီယို မှတ်တမ်းတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ ပျံ့နှံ့ပြီးနောက်မှာပဲ အခုလိုပြောဆိုလိုက်တာပါ။ လူစည်ကားတဲ့ မြန်မာပလာဇာလို နေရာမျိုးတွေနဲ့ YBS ကားပေါ်မှာ ကော်ရှူနေတဲ့ ကလေးငယ်ပုံတွေ ပျံ့နှံ့နေသလို ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်း ဒါရိုက်တာ ဦးအာကာစိုးနောင်က “ဥပဒေတခုအနေနဲ့ လွှတ်တော်က သတ်မှတ်ပေးလိုက်ရင် ဒါမှမဟုတ် ဒါတွေကို ထိန်းချုပ်ဖို့အတွက် အမိန့်ထုတ်ပြန်တာမျိုး လုပ်လိုက်ရင်တော့ ဘာပဲဖြစ်ဖြစ် လျော့တော့ လျေ့သွားမယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ကော်ရှူတဲ့ပြဿနာကို တရားဥပဒေအရ ပြဋ္ဌာန်းထားတာမရှိလို့ အရေးယူဖို့ အခက်အခဲ ရှိနေတာပါ။ လူမှုဝန်ထမ်း ဦးစီးဌာန အနေနဲ့လည်း ကော်ရှူတဲ့ကလေးငယ်တွေအတွက် လုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ကော်ရှူတဲ့ အလေ့အထဟာ ဦးနှောက် ထိခိုက်တာတွေအပြင် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့ အနေအထားရှိတယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ထားပါတယ်။ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြားမှာရှိတဲ့ လမ်းပေါ်ကလေးအများစုဟာ ပိုက်ကတ်တဲ့ကော်ကို ရှူနေတာပါ။ ဒီကော်ရှူတာနဲ့ပတ်သက်ပြီး ဥပဒေအရ ထိန်းချုပ်နိုင်တာတော့ မရှိသေးပါဘူး။
3 years Ago

May 21, 2019

ဆီဆိုင်မြို့နယ်ရှိ က​လေးငယ်များကို ပရဟိတအဖွဲ့က ခေါ်​ဆောင်​မှု အာဏာပိုင်​များ စစ်​​ဆေး

ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်ထဲက ကျေးရွာတွေကနေ က​လေးငယ် အယောက် ၆၀ ကို သက်​​သေအ​ထောက်​အထား မပါဘဲ ပရဟိတ​ကျောင်းကို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ​ဒေသခံ​တွေက စိုးရိမ်​တဲ့အတွက်​ အာဏာပိုင်​​တွေ ခေါ်ယူစစ်​​ဆေးခဲ့ပါတယ်​။ ပဲခူးတိုင်း​ဒေသကြီးရှိ ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းက ဆရာ​တော်​တပါးနဲ့ ​စေတနာ အလင်း​ရောင် ပရဟိတအဖွဲ့က ကလေးငယ်တွေကို မေလ ၂၀ ရက်​က လာ​ရောက်​​ခေါ်ယူခဲ့တာပါ​။ ဆီဆိုင်​မြို့ အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးစံဝင်း​မောင်​က “ပရဟိတအဖွဲ့ကို သက်​​သေအ​ထောက်​အထား​တွေ မေးတာ မပြနိုင်​ဘူး၊ ​ဆရာ​တော်​လည်း သာသနာ​ရေးသက်​​သေ မပြနိုင်​ဘူး။ အဲဒါနဲ့ ဝန်​ခံကတိထိုးခိုင်းတာ မထိုးချင်​​သေးဘူး၊ မထိုးရင်​ က​လေး​ခေါ်ခွင့် မပြုဘူး​ပြောမှ ​စေတနာအလင်း​ရောင် ပရဟိတအဖွဲ့က မငြိမ်းဝင့်​သူက ဝန်​ခံကတိလက်​မှတ်​ထိုးတာ” လို့ ပြောပါတယ်​။ အဲဒီလို လာေ​ရာက်​​ခေါ်ယူတာကို က​လေးမိဘ​တွေကလည်း ​သ​ဘောတူပေမယ့် ပရဟိတဆိုပြီး က​လေး​တွေကို အလွဲသုံးစား ပြုလုပ်​မှာကို ​ဒေသခံ​တွေက စိုးရိမ်​​နေကြပါတယ်​။ ရှမ်းပြည်​နယ် လူမှုဝန်​ထမ်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးထွန်းဦးက “သူတို့​ခေါ်မယ်​ဆိုလည်း ကျနော်တို့ကို အသိမ​ပေးဘူး၊ ပရဟိတဆိုပြီး လိမ်​သွားတာ​တွေ တပုံကြီး၊ ဥပ​ဒေနဲ့လည်းမညီဘူး၊ ဘုန်းကြီးဆို သာသနာရေး အ​ထောက်​အထား လိုတယ်​” လို့ ပြောပါတယ်​။ အခု​ခေါ်ယူတဲ့ က​လေး​တွေထဲမှာ အသက် ၂ နှစ်​၊ ၃ နှစ်အရွယ်ကလေး အပါအဝင်​ ဆီဆိုင်​မြို့နယ်​ရှိ ​ကောင်​ဝိန်းကြီးရွာက ၃၉ ဦး၊ ​တောင်းတပ်​ရွာက ၁၂ ဦး၊ လွယ်​ခရယ်​ရွာက ၆ ဦး၊ ဆိုက်​​ခေါင်​ရွာက ၁ ဦး၊ မဲ​ဘောင်​ရွာက ၁ ဦး၊ ပင်​ငို(၁) ​ပေါင်းရွာက ၆၀ ဦးတို့ကို ဒို့ညီ​နောင်​ Express ကားနဲ့ လာ​ရောက်​​ခေါ်​ဆောင်​တာပါ။ ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းဟာ ပဲခူး ​ရွှေမု​ဌောဘုရား အ​ရှေ့ဘက်​မှာရှိပြီး ကျောင်းသား ၂၀၀ ​လောက်​ကို ထိန်းသိမ်းစောင့်ရှောက်ထားတာလို့ ပဲခူး​ဒေသခံတဦးက ပြောပါတယ်။ “အရင်​နှစ်​ ကျောင်းသား​ဟောင်း​တွေ မိဘထံပြန်​သွား​တော့ ဘုန်းကြီးက ပြန်​သွား​ခေါ်တာပါ၊ အသစ် လေးငါး​ယောက်​ပဲ ပါမယ်။ စေတနာအလင်း​ရောင် ပရဟိတက အဲ​ဒီကျောင်းမှာ​ ဆေးကု​ပေး​နေတာ သူတို့ အဲလိုရှင်းပြဖို့ လိုတယ်” လို့ ပြောပါတယ်​။ ဆီဆိုင်​မြို့နယ်​မှာ နှစ်​စဉ် ကျောင်းဖွင့်​ချိန်​မှာ က​လေးတွေကို လာ​ရောက်​​ခေါ်ယူသူတွေ ရှိပြီး တချို့တွေက က​လေးတွေကို ခိုင်းစားကြတာရှိသလို အလှူခံခိုင်းတာတွေလည်း ရှိလို့ ဒုက္ခ​ရောက်​သွားတဲ့ က​လေး​တွေလည်း အများအပြားရှိတယ်​လို့ အမည်​မ​ဖော်​လိုတဲ့ ဆီဆိုင်​​ဒေသခံတဦးက ပြောပါတယ်​။ သတင်း - ခွန်​ရာဇာ
3 years Ago
More News
Up