တရုတ်နိုင်ငံ မြောက်ပိုင်းက မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မူကြိုကျောင်းမှာ ဆရာမက ကလေးငယ်တဦးကို မတော်မတရား ရိုက်နှက်ခဲ့ပါတယ်။
ဆရာမ ၂ ဦးက ကလေးကို ရိုက်နှက်နေတဲ့ ဖြစ်ရပ်ကို ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး နောက်ပိုင်း အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားတယ်လို့ မေ ၂၀ ရက်နေ့ စီစီတီဗွီသတင်းက ဖော်ပြပါတယ်။
ဒီအတွက် ဆရာမ ၂ ဦးကို ကလေးငယ်ကို မတော်မတရားလုပ်တဲ့ လုပ်ရပ်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
5 years Ago