ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ကစားသမား ဆန်းဒါးလန်း ထုတ်ပယ်

A d v e r t i s e m e n t With Us

February 12, 2016

ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ကစားသမား ဆန်းဒါးလန်း ထုတ်ပယ်

ကလေးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်တယ်လို့ ၀န်ခံတဲ့ ကစားသမား အဒမ်ဂျွန်ဆင်ကို အင်္ဂလန် ပရီးမီးယားလိဂ် ဆန်းဒါးလန်းအသင်းက ထုတ်ပယ်လိုက်ပါတယ်။ တရားရုံးမှာ ကလေးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်တယ်လို့ ၀န်ခံခဲ့အပြီးတဲ့နောက်မှာ အခုလို ထုတ်ပယ်လိုက်တာ ဖြစ်တဲ့အတွက် မန်ယူနဲ့ ကစားမယ့်ပွဲမှာ ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ဂျွန်ဆင်ငြင်းဆိုထားတဲ့ တခြား လိင်ပိုင်းဆိုင်ရာ စွဲချက် ၂ ခုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၅ မတ်လမှာ ဂျွန်ဆင်ကို ဖမ်းဆီးခဲ့စဉ် ကလပ်အသင်းကလည်း သူ့ကို ခဏ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်ဘောလုံးသမားများ အဖွဲ့အစည်းနဲ့ သူ့ကိုယ်စားလှယ်တွေ စကား ပြောဆိုခဲ့ပြီးတဲ့နောက် တားမြစ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒီနောက် အာမခံရယူပြီး ဘောလုံးကစားခဲ့သလို လီဗာပူးအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ ပွဲမှာလည်း ဂျွန်ဆင်က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
5 years Ago
Up