ကလေးငယ်ကို ခိုးယူပေါင်းသင်း

January 21, 2016

ကလေးငယ်ကို ခိုးယူပေါင်းသင်းသူ တရားခံပြေးအား နယ်စပ်မြို့တွင် ဖမ်းဆီးမိ

မကွေးတိုင်းမှ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား အလိုမတူဘဲ ခိုးယူပေါင်းသင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာသူ တရားခံပြေး တစ်ဦးအား ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် တာချီလိတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။ 12509579_1224017687613702_6240433063917751009_n"ဆန်ဆိုင်း (ခ) ရပ်ကွက်၊ (၅) လမ်းထဲမှာ တရားခံပြေးတစ်ယောက်ရှိတယ်။ သတင်းကြားလို့ သွားဖမ်းတာပါ၊ ကောင်မလေးကို အလိုမတူဘဲ ၂ ရက်လောက် ခိုးယူပေါင်းသင်းလို့ မကွေးတိုင်းမှာ အမှုဖွင့်ထားတဲ့ တရားခံပြေးတစ်ယောက်ပါ"ဟု တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှပြောပါတယ်။ အမှုမှ တရားခံ လင်းလင်းကို(ခ)မှဲ့ကြီး အသက်(၂၃)နှစ်သည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီးကျေးရွာမှ အသက် ၁၃ နှစ် မိန်းကလေးအား လွန်ခဲ့သည့် ၂ လခန့်က သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ပြီး (၂)ရက်ခန့် ခိုးယူပေါင်းသင်းခဲ့ပြီး ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရပါတယ်။ ထွက်ပြေးတိမ်းရှောင်လာသော တရားခံအား နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေး၊ နယ်ထိန်း မှတ်တမ်းထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းမင်းနှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဖမ်းဆီးရမိသော တရားခံ လင်းလင်းကို(ခ)မှဲ့ကြီးအား မကွေးမြို့သစ်မြို့မရဲစခန်း (ပ)၁၇၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး တာချီလိတ်မှ မကွေးရဲစခန်းသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရပါတယ်။ သတင်းဓာတ်ပုံ - ကိုဇက်
6 years Ago
Up