ကမ္ဘောဒီးယားနဲ့ပွဲမှာ ပွဲထွက်လူစာရင်း ပြောင်းလဲမှာဖြစ်ပြီး အနိုင်ရဖို့လိုတယ်လို့ မြန်မာနည်းပြ ဂတ်ဆီဇီက ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၃ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။
ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပြီး ရှုံးတဲ့အသင်းက အုပ်စုအဆင့်ကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြင်ဆင်မှုကောင်းကောင်း ပြုလုပ်ထားလို့ ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပေမယ့် အနိုင်ရရှိအောင် ကြိုးစားမယ်လို့ ကမ္ဘောဒီးယားနည်းပြက ပြောပါတယ်။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု ခ မှာ ဗီယက်နမ်နဲ့ မလေးရှားတို့က ရမှတ် ၃ မှတ်စီနဲ့ ဦးဆောင်နေပြီး မြန်မာနဲ့ ကမ္ဘောဒီးယားတို့က အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေတာပါ။
နိုဝင်ဘာ ၂၃ မှာ ယှဉ်ပြိုင်ကစားမယ့် အုပ်စုဒုတိယပွဲမှာ မြန်မာအသင်းက ကမ္ဘောဒီးယားကို အနိုင်ရဖို့ လိုအပ်နေပြီး ဗီယက်နမ်နဲ့ မလေးရှားတို့ပွဲမှာ ဗီယက်နမ်အသင်း အနိုင်ကစားမှ မြန်မာအသင်း အုပ်စုတက်ဖို့ အခွင့်အရေးကောင်းလာမှာ ဖြစ်ပါတယ်။
6 years Ago