ကမေးဂလစ်

June 15, 2018

ပိုလန်နောက်ခံလူ ကမေးဂလစ် ဒဏ်ရာမှ ပြန်လည်သက်သာ

ပိုလန်လက်ရွေးစင် နောက်တန်းကစားသမား ကမေးဂလစ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အတွက် လာမယ့် ၅ ရက်အတွင်း လေ့ကျင့်ရေး အပြည့်အဝ ပြန်ဆင်းနိုင်တော့မယ်လို့ နည်းပြက ပြောပါတယ်။ မိုနာကိုအသင်း နောက်ခံလူ ဂလစ်ဟာ ပြီးခဲ့တဲ့တပတ်က လေ့ကျင့်ရေးကွင်းမှာ ပခုံးဒဏ်ရာရခဲ့ပြီး အချိန်မီ ပြန်လည်သက်သာလာတာပါ။ အသက် ၃၀ အရွယ် ဂလစ်ဟာ ပိုလန်အသင်းရဲ့ အဓိက ကစားသမားတဦးလည်း ဖြစ်ပါတယ်။ ပိုလန်အသင်းဟာ အုပ်စု အိတ်ခ်ျမှာ ဆီနီဂေါ၊ ကိုလံဘီယာ၊ ဂျပန်အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပိုလန်ဟာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဆီနီဂေါနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up