တောင်ကိုရီးယား ကေပေါ့အဖွဲ့ BTS ဟာ နိုဝင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ် ဂရမ်မီ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့အတွက် ကမ္ဘာကျော် BTS ဟာ ဂရမ်မီ ဂီတထူးချွန်ဆုရဖို့ နောက်တဆင့် နီးစပ်လာပြီ ဖြစ်ပါတယ်။
၂၀၁၃ ပွဲဦးထွက်ကတည်းက အမျိုးသားအဖွဲ့ဝင် ၇ ဦးပါ BTS ဟာ တောင်ကိုရီးယား ပေါ့ဂီတမှာ ရှေ့တန်းက ရောက်နေပါတယ်။
မကြာခင်ကပဲ သူတို့အင်္ဂလိပ်လို သီဆိုထားတဲ့ ‘Dynamite.’ သီချင်းဟာ အမေရိက အကောင်းဆုံးသီချင်းများ Billboard ရဲ့ နံပါတ်တစ်နေရာကို ချိတ်ခဲ့ပါတယ်။
BTS က တွစ်တာမှာ “ဒီလို ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ ပါဝင်လာစေတဲ့ အံ့ဖွယ်ဖြစ်ရပ် တကယ်ဖြစ်လာအောင် ကူညီပေးတဲ့ ARMYs (အာမီ) တွေက ကူညီပေးခဲ့တာပါ။ အဲဒီအတွက် အမြဲချစ်နေမှာပါ” လို့ ရေးသားခဲ့ပါတယ်။
ARMYs (အာမီ) ဆိုတာက BTS ရဲ့ ဖန်ပရိသတ်အဖွဲ့ကို ရည်ညွှန်းပါတယ်။
လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ BTS အဖွဲ့အနေနဲ့ တောင်ကိုရီးယားမှာ live show ဖျော်ဖြေသွားမယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
3 months Ago