ကနေဒါ လူငယ်ဟော်ကီအသင်း

April 8, 2018

ကနေဒါ လူငယ်ဟော်ကီအသင်း လိုက်ပါလာသည့်ကားနှင့် ကုန်ကားတိုက်မိ၊ ၁၄ ဦး သေ

ကနေဒါနိုင်ငံအလယ်ပိုင်း ဆက်စကတ်ချီဝမ်ပြည်နယ်မှာ ကနေဒါ လူငယ် ဟော်ကီအသင်းလိုက်လာတဲ့ ဘတ်စ်ကားနဲ့ ကုန်ကားတစင်း ၀င်တိုက်ခဲ့လို့ လူ ၁၄ ဦးသေဆုံး ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဧပြီလ ၇ ရက်နေ့မှာ ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ ယာဉ်မောင်းနဲ့ ဟွန်းဘော့စ်-ဘရွန်းကော့စ် ရေခဲပြင်ဟော်ကီ ကစားသမားတွေအပါအ၀င် လူ ၂၉ ဦး လိုက်ပါလာခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၅ ဦးကို ဆေးရုံပို့ခဲ့ရပြီး သူတို့ ထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့လည်းသိ ရပါတယ်။ ဘတ်စ်ကားဟာ ပြည်နယ်မြို့တော် ကနေ မိုင် ၁၈၀ ကျော်အကွာ တစ်ဒေးလ် အရပ်မှာ ကုန်ကားနဲ့တိုက်မိခဲ့တာလို့ ကနေဒီယန်ပရက်စ် သတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှု ဘာ့ကြောင့်ဖြစ်တယ်ဆိုတာမသိရသေးပါဘူး။  ရဲတပ်ဖွဲ့ကလည်း သေဆုံးတဲ့ ယာဉ်မောင်း ဘယ်သူဖြစ်တယ်ဆိုတာနဲ့ ကုန်ကားယာဉ်မောင်းရဲ့အခြေအနေကို သတင်းမထုတ်ပြန်သေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up