ကူးတို့လှေ တိမ်းမှောက်

June 30, 2020

ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့လှေ တိမ်းမှောက်၊ လူ ၂၃ ယောက်ထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဇွန် ၂၉ ရက်က ခရီးသည်တင် ကူးတို့လှေတစီး တိမ်းမှောက်လို့  လူ ၂၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါကာမြို့တော် အနောက်တောင်ဘက် ဘူရိဂင်္ဂါမြစ်ထဲမှာ ပြေးဆွဲရင်း နစ်မြုပ်တဲ့ လှေပေါ်မှာ လူ ၅၀ လောက်ပါပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၃ ယောက် ပါတယ်လို့ မီးသတ်အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ခရီးသည်တချို့က ဘေးကင်းရာကမ်းခြေဆီ ရေကူးသွားနိုင်ခဲ့ပေမယ့် တချို့က ပျောက်ဆုံးနေဆဲပါ။ မြေနိမ့်ဒေသ ပေါများတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘေးကင်းရေး စံချိန်တွေ လိုက်နာမှု အားနည်းလို့ ကူးတို့လှေ တိမ်းမှောက်မှုတွေမှာ ရာနဲ့ချီတဲ့လူတွေ နှစ်စဉ် သေဆုံးလေ့ရှိပါတယ်။
12 months Ago
Up