ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းက ကီဗူရေကန်ထဲမှာ ခရီးသည်တင် လှေတစီး နစ်မြုပ်အပြီး ကလေး နှစ်ယောက်နဲ့ အမျိုးသမီး တစ် ယောက် ရေနစ် သေဆုံးတယ်လို့ ဒေသန္တရ အရာရှိက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
လူဒါဇင်ချီ ပျောက်နေတယ်လို့ အသက်ရှင်သန်ကျန်ရစ်သူတွေက ပြောပါတယ်။ ဒေသတွင်း မြို့တော် ဂိုမာကို သွားတဲ့ လှေဟာ ညအမှောင်ထဲမှာ လူတွေ အလွန်အကျွံ တင်ပြီး တရားမဝင် ပြေးဆွဲရင်း ဇန်နဝါရီ ၅ ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
လှေပေါ်မှာ ခရီးသည် ၅၁ ယောက် ပါပြီး ၄၆ ယောက်ကို ကယ်နိုင်ခဲ့တယ် ၃ ယောက် သေပြီး ၂ယောက် ပျောက်နေတယ်လို့ ဒေသန္တရ အရာရှိက ပြောပါတယ်။
ဒါပေမဲ့ ဒေသခံ လှေသမားတွေက ကယ်တင်ခဲ့တဲ့ ရှင်သန်ကျန်ရစ်သူတွေကတော့ လှေပေါ်မှာ ခရီးသည် အယောက် ၁၀၀ ထက် မနည်း တင်လာတယ်လို့ ပြောပါတယ်။ ကွန်ဂိုမှာ လူသေတဲ့ လှေမတော်တဆမှုတွေ ဖြစ်နေကျပါ။ နိုင်ငံတဝန်း သစ်တောနယ်မြေတွေအကြားမှာ ကတ္တရာလမ်း နည်းနည်းသာ ရှိပြီး လှေတွေ သင်္ဘော တွေကလည်း များသောအားဖြင့် ဝန်ပိုတင်လေ့ ရှိကြပါတယ်။
2 months Ago