ကူးစက်သူ  ၄၉ ဦး

June 27, 2020

ကိုဗစ်-၁၉ ရောဂါ  ကူးစက်သူ  ၄၉ ဦး တွေ့ရှိခဲ့သည့်ရွာကို အီတလီစစ်တပ် ချထား

အီတလီနိုင်ငံ နေပယ်မြို့အနီးက ရွာတရွာမှာ  ကိုဗစ်-၁၉ ရောဂါ  ကူးစက်သူ  ၄၉ ယောက် တွေ့ပြီးနောက်  ဇွန်လ ၂၆ ရက်မှာ အီတလီစစ်တပ်ကို ချထားပါတယ်။   မွန်ဒရက်ဂိုနီ မြို့လေးက အိမ်ရာတစ်ခုပတ်လည်မှာ ရဲတွေက အရံအတားတွေ ချပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။   အိမ်ရာအတွင်း နေထိုင်သူတွေကတော့ သူတို့ကို အပြင်ထွက်ခွင့်မပေးဘဲ ဘာတွေ ဖြစ်နေလဲဆိုတာ မသိရတဲ့အတွက် ဒေါသဖြစ်နေကြပါတယ်။ အဲဒီမှာ နေကြသူအတော်များများဟာ တရားဝင် အထောက်အထားမရှိဘဲ ရာသီလိုက် သစ်သီးခူးကြတဲ့ ဘူဂေးရီးယန်းနိုင်ငံသားတွေ ဖြစ်ပါတယ်။  ဒါကြောင့် အီတလီ အာဏာပိုင်တွေအဖို့ ကိုရိုနာဗိုင်းရပ်စ် ထိတွေ့ဖွယ်ရှိသူတွေကို ခြေရာခံ စစ်ဆေးဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up