ကူးစက်သူ အရေအတွက်

May 5, 2020

ဂျာမနီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ဆက်လက်ကျဆင်း

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ဆက်လက်ကျဆင်းနေတယ်လို့ ရောဘတ်ကို့ချ်  ရောဂါထိန်းချုပ်ရေးအဖွဲ့ အကြီးအကဲက မေ ၅ ရက်မှာ  ပြောပါတယ်။    ရောဂါထိန်းချုပ်ရေးအဖွဲ့ အကြီးအကဲ လိုသာဝဲလာက နေ့စဉ်ဘဝမှာ တယောက်နဲ့တယောက် ခပ်ခွာခွာနေရမှာဖြစ်ပြီး အဲဒီလိုနေတာက ကူးစက်သူ အရေအတွက်ကို ဆက်ကျစေမယ်လို့  ပြောပါတယ်။ ဒါပေမဲ့လည်း သေဆုံးသူ အရေအတွက်က ဆက်လက်မြင့်မားနေပြီး မကြားသေးခင် ရက်တွေမှာ နေ့စဉ် သေဆုံးနှုန်းဟာ ၄၀ ကနေ ၂၀၀ အကြား ရှိနေတယ်လို့ လိုသာဝဲလာက ရှင်းပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတဲ့ စွမ်းဆောင်ရည်တွေ တိုးမြင့်အောင် ဆက်ကြိုးပမ်းနေပြီး ဒါဟာ ဂျာမနီမှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို ပုံဖော်ဖို့ သိပ်အရေးကြီးတယ်လို့ ဝဲလာက ဆိုပါတယ်။ စတင်စစ်ဆေးကတည်းက အခုထိ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂ ဒသမ ၄ သန်းကို ပြုလုပ်ခဲ့ပြီး စမ်းသပ်မှုထဲက ၇ ဒသမ ၂ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ လက်ရှိ ဂျာမနီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၀၀၀ နီးပါး ရှိတယ်လို့ Worldometer  ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရပါတယ်။
12 months Ago
Up