ကူးစက်လူနာ ၁၈၀၀၀

February 3, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၈၀၀၀ ခန့်ရှိ၊ သေဆုံးသူ ၃၆၂ ဦးထိ မြင့်တက်

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်ကို ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံလူဦးရေဟာ ဖေဖော်ဝါရီ ၃ ရက် မနက် ၉နာရီထိ စာရင်းအရ ကမ္ဘာတလွှားမှာ လူအယောက်ပေါင်း ၁၇၃၉၀ ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၃၆၂ ယောက်ထိ မြင့်တက်သွားပါပြီ။ အမေရိကန်မှာတော့ ဖေဖော်ဝါရီ ၂ ရက်ညက အမေရိကန်နိုင်ငံထဲမှာတင် လူကနေ လူကို ပြန်ကူးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဇနီးမောင်နှံကို တွေ့ထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ၁၁ ယောက် ရှိသွားပါပြီ။ ကယ်လီဖိုးနီးယားပြည်နယ်သား ခင်ပွန်းသည်ဟာ လတ်တလောမှာ တရုတ်နိုင်ငံတွင်း ရောဂါ စတင်ကူးစက်ရာ ဝူဟန်မြို့ဆီ ခရီးသွားထားသူပါ။ သူ့ဆီကနေ တရုတ်နိုင်ငံကို မသွားခဲ့တဲ့ ဇနီးသည်ဆီကို ကူးစက်ခဲ့ပုံပေါ်ပြီး သူတို့ နှစ်ယောက်စလုံး ဆေးရုံမသွားခဲ့ကြဘူးလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ လောလောဆယ် အမေရိကန်နိုင်ငံအတွင်း ကာလီဖိုးနီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံ ၆ ယောက်၊ အီလွီနွိုက်ပြည်နယ်မှာ ၂ ယောက်၊ မန်ဆာချူးဆက်၊ ဝါရှင်တန်နဲ့ အရီဇိုးနားပြည်နယ်တွေမှာ တယောက်စီ ရှိနေကြပါတယ်။
1 year Ago
Up