ကူးစက်မှု မြင့်

January 8, 2021

ကိုဗစ်-၁၉ ကူးစက်မှု မြင့်လာသဖြင့် တရုတ်နိုင်ငံ ဟီဘေးပြည်နယ်တွင် ခရီးသွားလာမှု ကန့်သတ်

တရုတ်နိုင်ငံမှာ ၅ လကျော်ကာလအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြင့်ဆုံး ရောက်ခဲ့တာမို့ ဇန်နဝါရီ ၇ ရက်မှာ ဟီဘေးပြည်နယ်မြို့တော်အာဏာပိုင်တွေက ခရီးသွားလာမှု ကန့်သတ်တာတွေကို တိုးမြှင့်ဆောက်ရွက်နေပါတယ်။ ဟီဘေးပြည်နယ်ရှိ ပိုးကူးစက်သူ ၅၂ ယောက်မှာ ၅၁ ယောက်က ပြည်တွင်း ကူးစက်မှု ဖြစ်တယ်လို့  အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။  အရင်နေ့က ဟီဘေးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့တာပါ။  ဒါကြောင့် ပြည်နယ်မြို့တော် ရှီကျားကျွမ်းမှာ အာဏာပိုင်တွေက ဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ ပိုး ရှိ၊ မရှိ စစ်ဆေးမှု အများအပြား လုပ်ဆောင်ပြီး လူစုလူဝေးတွေကို တားမြစ်ခဲ့ပါတယ်။  တရုတ်ပြည်မကြီး တစ်ခုလုံးရဲ့ အသစ်ကူးစက်သူ အရေအတွက်က ၆၃ ယောက် ရှိပြီး အရင်ရက်က ၃၂ ယောက် ရှိပါတယ်။  ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က အသစ်ကူးစက်သူ ၁၂၇ ယောက် တွေ့ပြီးနောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။  ရောဂါလက္ခဏာ မပြဘဲ ကူးစက်သူကလည်း ပထမရက်မှာ ၆၄ ယောက်ကနေ ဇန်နဝါရီ ၇ ရက်မှာတော့ ၇၉ ယောက် ရှိလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago
Up