ကူးစက်မှု ကာကွယ်ရန်

February 9, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရန် တရုတ်ကို ရုရှားက ဆေးဘက်ဆိုင်ရာပစ္စည်းများ ကူညီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီဖို့ ရုရှားအစိုးရက လူသားချင်းစာနာမှုဆိုင်ရာ ကုန်စည် ၂၃ တန် တင်ဆောင်ထားတဲ့ ကုန်တင်လေယာဉ်ကို တရုတ်နိုင်ငံဆီ ဖေဖော်ဝါရီ ၈ ရက်က စေလွှတ်လိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာနဲ့ တကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေ ဒီလေယာဉ်ပေါ်မှာ ပါတယ်လို့ ရုရှား အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ အဆိုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ဦးရေဟာ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီအထိ ၈၁၂ ယောက် ရှိသွားပါပြီ။ သေဆုံးသူ အများစုဟာ စတင်ကူးစက်ရာ ဝူဟန်နဲ့ အနားဝန်းကျင် ဒေသတွေကပါ။ တရုတ်ပြည်မကြီးအတွင်း ကူးစက်ခံ ဦးရေကတော့ တရားဝင် အတည်ပြုချက်အရ ၃၇၂၀၉ ယောက် ရှိပါပြီ။ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသပေါင်း ၂၇ ခုထိ ထပ်ပြီး ကူးစက်ပျံ့နှံ့ခဲ့ပြီးပြီလို့ တရားဝင် အစီရင်ခံစာတွေအရ သိရပါတယ်။
1 year Ago
Up