ကူးစက်မှုအသစ်

October 6, 2021

တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁,၅၀၀ ကျော်၊ စုစုပေါင်း ၄၇၀,၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ကူးစက်ခံ ရသူ စုစုပေါင်း ၄၇၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေအ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၁၃၅ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၂၆ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ဒါ့အပြင် ထပ်မံသေဆုံးသူ ၃၆ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းသက်သာ လာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၂၅၀ ယောက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၉၅၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇၁,၃၀၈ ယောက် ရှိနေပါတယ်။

ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

ကာကွယ်ဆေး ထိုးနှံမှုအနေနဲ့ ပြီးခဲ့တဲ့ စစ်ကောင်စီ ကျန်းမာရေးဌာန ထုတ်ပြန်တဲ့ ကိန်း ဂဏန်းအချက်အလက်တွေအရ အောက်တိုဘာ ၂ ရက်နေ့အထိ အကြိမ်ပြည့် ၂ ကြိမ်ထိုးနှံ ပြီးသူ ၃ ဒသမ ၈၇ သန်းကျော်၊ ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၅၁ သန်းကျော်နဲ့ စုစုပေါင်း လူဦးရေ ၈ ဒသမ ၃၉ သန်းကျေိာ် ထိုးနှံပြီးစီးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

4 months Ago

July 21, 2021

တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅၈၀၀ ကျော်၊ စုစုပေါင်း ၂၄၀,၀၀၀ ကျော်လာ

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅,၈၆၀ ယောက်ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၀,၅၇၀ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၉၁၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၈၆၀ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၆ ဒသမ ၈၂ ရာခိုင်နှုန်းကျော် ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်ကတော့ ၂၈၆ ယောက် ရှိခဲ့ပြီး အရင်ရက်ကတော့ သေဆုံးသူ ၂၈၉ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်းကတော့ ၅,၅၆၇ ယောက်ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၂,၅၀၁ ယောက် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ ၉ ရက်ဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၇၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

6 months Ago
More News
Up