ကူးစက်မြန်ကပ်ရောဂါ

A d v e r t i s e m e n t With Us

March 12, 2020

ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်မြန်ကပ်ရောဂါအဖြစ် ကြေညာ

ကမ္ဘာတဝန်းပြန့်ပွားမှု မြင့်မားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အခုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၁ ရက်ညပိုင်းမှာပဲ ကူးစက်မြန်ကပ်ရောဂါအဖြစ် စတင် ကြေညာလိုက်ပါပြီ။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ အခြေအနေဆိုးနေတဲ့ အီရန်နဲ့ အီတလီ တို့ကို ရှေ့တန်းနေရာတွေအဖြစ်လည်း သတ်မှတ်ထားပါတယ်။  အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂီဘရီရပ်ဆပ်က ကိုဗစ် ၁၉ ခေါ် ဒီဗိုင်းရပ်စ်ကူးစက်ခံ ရမှုကို ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီမို့  ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီရောဂါ ထိန်းချုပ်တိုက်ဖျက် နိုင်ဖို့ ထိရောက်တဲ့ဆောင်ရွက်မှုတွေ နှစ်ဆတိုး လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ WHO တာဝန်ရှိသူတွေဟာ ကပ်ရောဂါဆိုတဲ့အသုံးအနှုန်းကို အဖွဲ့အနေနဲ့ သုံးဖြစ်ဖို့ရှိတယ်လို့ နဂိုကတည်းက ထုတ်ဖော်ခဲ့ဖူးပြီး အဖျားအနာရောဂါကလွဲလို့ ကျန်တဲ့ရောဂါတွေအတွက် ကပ်ရောဂါ လို့ ထုတ်ပြန်ကြေညာတဲ့ပုံစံ မရှိတော့ပါဘူး။  အခု နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကတော့ အအေးမိတုပ်ကွေးရောဂါ မဟုတ်ကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။  ကမ္ဘာတဝန်း ဒီနေ့မနက် ၁၁ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၆၃၆၉ ယောက်၊ သေဆုံးသူ ၄၆၃၃ ယောက်နဲ့ ပြန်လည်သက်သာကောင်းမွန်လာသူ ၆၈၃၀၄ ယောက်ရှိတယ်လို့ သိရပါတယ်။
12 months Ago
Up