ကူးစက်ပျံ့နှံ့

January 19, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မည်ကို ဟောင်ကောင်ခရီးသွားများ စိုးရိမ်

လူနာနှစ်သစ်ကူးမတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ဟောင်ကောင်ဆီ ကူးစက်ပျံံ့နှံ့လာမှာကို ဟောင်ကောင် ခရီးသွားတွေဟာ  စိုးရိမ်နေကြပါတယ်။  တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ နောက်ထပ် အဆုတ်ရောဂါဖြစ်သူ  ၄ ယောက်ကို ထပ်မံတွေ့ရှိထားပါတယ်။  အဲဒီဗိုင်းရပ်စ်ဟာ ခရီးသွားများတဲ့ လူနာနှစ်သစ်ကူးကာလမှာ အလွယ်တကူ ပျံ့နှံ့နိုင်တယ်ဆိုပြီး ကမ္ဘာတဝန်း စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။  ဟောင်ကောင်ဒေသခံတဦးက သူတို့ဟာ ဂျပန်ကနေ ပြန်လာပြီး ဂျပန်မှာ အဲဒီဗိုင်းရပ်စ် တွေ့ရှိတာကို ကြားသိရတယ်လို့ ဆိုပါတယ်။  ဒါကြောင့်မို့  ဟောင်ကောင်ပြည်သူ အများစုလည်း စိုးရိမ်နေမယ်လို့ ထင်ပါတယ်ဆိုပြီး သူက  ပြောခဲ့ပါတယ်။  ဟောင်ကောင်ဒေသခံနောက်တဦးကတည်း ၂၀၀၃ ခုနှစ်က ဟောင်ကောင်မှာ SARS ရောဂါဖြစ်ပွားခဲ့ပြီး အခု တရုတ်ပြည်မကြီး ဝူဟန်မှာ တွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ SARS နဲ့ ဆင်တူတာကြောင့် စိတ်ပူတယ်လို့  ပြောခဲ့ပါတယ်။  ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ ယောက် ရှိသွားပါပြီ။ ထိုင်းနိုင်ငံမှာ အဲဒီဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ယောက် တွေ့ထားပြီး ဂျပန်မှာတော့ ၁ ယောက် တွေ့ထားပါတယ်‌။ သူတို့ ၃ ယောက်စလုံးဟာ မကြာသေးခင်က ဝူဟန်မြို့ကနေ ပြန်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up