ကူးစက်နှုန်းနှင့်သေဆုံးနှုန်

June 5, 2020

ပါကစ္စတန်တွင် လော့ဒေါင်းပြန်ဖွင့်ပြီးနောက်  ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့်သေဆုံးနှုန်း ပြန်မြင့်

ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်လတာ လော့ဒေါင်းချထားမှုကို ပြန်ဖွင့်ပေးလိုက်ရာမှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းက ပြန်မြင့်မားလာပါတယ်။ ဝန်ကြီးချုပ်အင်မရမ်ခန်းကတော့ ဒီလို ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းမြင့်လာပေမဲ့  နေ့စဉ်ဘဝ စားဝတ်နေရေးအတွက် လှုပ်ရှားလုပ်ကိုင်နေရသူ ပြည်သူသန်းပေါင်းများစွာအနေနဲ့ ဗိုင်းရပ်စ်နဲ့ ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ တွေးရတော့မယ်လို့ ပြောပါတယ်။  ရိုက်တာသတင်းရဲ့တွက်ချက်မှုအရ လော့ဒေါင်းပြန်မဖွင့်ခင်သုံးပတ်အတွင်း အတည်ပြုလူနာ ဦးရေ နှစ်သောင်း ကျော်ခဲ့ပြီး အဲဒီကစလို့ နောက်ထပ်သုံးပတ်အတွင်း အရေအတွက်က နှစ်ဆ ပိုကျော်လာခဲ့တယ်လို့ ဆိုပါတယ်။  ပါကစ္စတန်ရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ် ပန်ဂျပ်ရဲ့မြို့တော် လာဟိုးမှာဆိုရင် စစ်ဆေး ချက်တွေအရ လူပေါင်း ၆ သိန်း ၇ သောင်း လောက်ဟာ ရောဂါလက္ခဏာမပြဘဲ  ဗိုင်းရပ်စ်ကူး စက်ခံနေရဖွယ်ရှိတယ်လို့ ဒေသခံကျန်းမာရေးအာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ် ။ 
1 year Ago
Up