ကူးစက်နှုန်

January 24, 2021

ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ မလိုက်နာပါက ရောဂါကူးစက်နှုန်း ပြန်မြင့်လာမည်

လက်ရှိမှာ ကိုဗစ်လူနာတွေ့နှုန်း လျော့လာနေပေမယ့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာရင် ရောဂါကူးစက်ဖြစ်ပွားတဲ့နှုန်း ပြန်မြင့်လာမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံတွင် အခုလက်ရှိအချိန်အထိ တွေ့ရတဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၇,၀၉၈ ယောက်ထဲမှာ ၆၃ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ တစုံတရာမရှိဘဲ ပြင်ပအမြင်မှာ လူကောင်းပကတိသဖွယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို ရောဂါလက္ခဏာတခုမှမရှိဘဲ ရောဂါရှိနေသူတွေဟာ ရောဂါပိုး သယ်ဆောင်နေသူတွေဖြစ်ပြီး တခြားသူတွေဆီကို ရောဂါကူးစက်စေနိုင်တယ်ဆိုတဲ့ အချက်ကို ပြည်သူတွေအနေနဲ့ အထူး (အထူး) သတိပြုကြပြီး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာကြဖို့ အရေးကြီးတယ်လို့လည်း ထုတ်ပြန် သတိပေးထားပါတယ်။ အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းတပ်ကြဖို့၊ လူစုလူဝေးရှောင်ပြီး ခပ်ခွာခွာနေကြဖို့၊ တခုခုကိုင်ပြီးတိုင်း မျက်နှာကို မကိုင်တွယ်ခင် ဆပ်ပြာနဲ့ လက်ဆေးကြဖို့ စတာတွေကို ကျန်းမာရေးဌာနက အမြဲ တိုက်တွန်းနေတာပါ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၉ ရက်အတွင်း ပိုးတွေ့သူ အရေအတွက်ဟာ လူ ၁၀၀ စစ်ဆေးရင် ၃ ယောက်ရဲ့ အောက်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ် ပိုးတွေ့အတည်ပြုလူနာတွေထဲက နေ့စဉ်သေဆုံးသူအရေအတွက်ကတော့ သိသိသာသာ ကျမလာသေးဘဲ နေ့စဉ်ဆိုသလို ကိုဗစ်လူနာ သေဆုံးသူတွေထဲမှာ တခြားရောဂါအခံမရှိသူ ၃ ပုံ ၁ ပုံလောက် ပါဝင်နေပါတယ်။
5 months Ago

May 24, 2020

ဘရာဇီးတွင် ကိုရိုနာကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်

ဘရာဇီးနိုင်ငံမှာ ကိုဗစ်နိုင်တင်းအတည်ပြုလူနာဟာ ဒီနေ့မနက်ပိုင်းအထိ ၃ သိန်း ၄ သောင်းကျော်ရှိသွားတဲ့အတွက်  ရုရှားကို ဖြတ်ကျော်ပြီး အမေရိကန်နောက်မှာ ကမ္ဘာ့ ဒုတိယမြောက်လူနာ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဘရာဇီးမှာ ပထမဆုံးအတည်ပြုလူနာကို မတ်လ ၁၇ ရက်မှာ တွေ့ခဲ့တာဖြစ်ပြီး မေလ ၂၂ ရက်မှာတော့ တရက်တည်း စံချိန်တင်နှုန်းအဖြစ် နှစ်သောင်းကျော် တွေ့ရှိခဲ့ပြီး ကိုဗစ်လူနာတွေထဲက ၁၀၀၀ ကျော်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း တောင်အမေရိကတိုက်ဟာ ကပ်ဘေးရဲ့ ဗဟိုချက် ဖြစ်လာတယ် သတိပေးထားပါတယ်။ Worldometers ဝက်ဆိုဒ်မှာ ဖော်ပြထားချက်အရ မေ ၂၄ ရက်နေ့မှာ လူနာသစ် ၁၇၁၅ ဦးနဲ့ သေဆုံးသူ ၁၅၂ ဦးရှိတယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃၄၉၁၁၃ ဦးနဲ့ သေဆုံးသူ ၂၂၁၆၅ ဦး ရှိတယ်လို့ သိရပါတယ်။
1 year Ago
Up