ကူးစက်ခံလူနာ နှစ်ဆ ပိုတိုးလာ

A d v e r t i s e m e n t With Us

September 15, 2020

ပြင်သစ်တွင် သီတင်းပတ် နှစ်ပတ်တိုင်း ကိုဗစ်-၁၉ ကူးစက်ခံလူနာ နှစ်ဆ ပိုတိုးလာ

ပြင်သစ်နိုင်ငံတွင် သီတင်းပတ် နှစ်ပတ်တိုင်း ကိုဗစ်-၁၉ ကူးစက်ခံလူနာ နှစ်ဆ ပိုတိုးလာနေပြီး ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွေမှာ လူတွေ ပြည့်လာနေတယ်လို့ မြို့တော် ပါရီက ဆေးရုံတွေရဲ့ အကြီးအကဲက စက်တင်ဘာ ၁၄ ရက်မှာ သတိပေးလိုက်ပါတယ်။ တခြားဥရောပနိုင်ငံတွေမှာလိုပဲ ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တကျော့ပြန် ဖြစ်နေတာကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒီနှစ်အစောပိုင်းက ချမှတ်ခဲ့တဲ့ အထွေထွေကန့်သတ်ပိတ်ပင်ချက်တွေကို ပြန်မလုပ်ခင် ကူးစက်မှုမြင့်တဲ့ဇုန်တွေမှာ လုပ်ဆောင်ချက်တွေ ပြန်တင်းကျပ်ပြီး စမ်းသပ်မှုတွေ တိုးလုပ်သွားမယ်လို့ အစိုးရက စက်တင်ဘာ ၁၁ ရက်မှာ ကတိပေးခဲ့ပါတယ်။ နွေဦးရာသီတုန်းက ကူးစက်မှုနှုန်းထက် ပိုနှေးပေမယ့် ဆေးရုံတက်ရတဲ့ လူနာအရေအတွက်က လတိုင်းမှာ နှစ်ဆ ဖြစ်လာနေတယ်လို့ ပါရီ ဒေသန္တရဆေးရုံများ အကြီးအကဲ မာတင်ဟစ်ရှ်က ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုစကတည်းက ပြင်သစ် ဆေးရုံတွေနဲ့ စောင့်ရှောက်ရေးဂေဟာတွေမှာ ကူးစက်ခံ သေဆုံးသူ အရေအတွက်ဟာ ၃၀,၉၁၆ ယောက်ရှိပြီး ၂၄ နာရီအတွင်းမှာတော့ ကူးစက်ခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြင်သစ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
5 months Ago
Up