ကူးစက်ခံလူနာ

A d v e r t i s e m e n t With Us

April 18, 2020

ဝူဟန်မြို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာ သေဆုံးစာရင်း ပြင်ဆင်ထုတ်ပြန်၊ ၅၀ ရာခိုင်နှုန်း ပိုများလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံး စတင်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က  စုစုပေါင်း သေဆုံးစာရင်းကို တရုတ်အစိုးရက ဧပြီ ၁၇ ရက်မှာ ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး မူလအရေအတွက်ထက်  ၅၀ ရာခိုင်နှုန်း ပိုများပြားလာပါတယ်။  စာရင်းသစ်အရ ဝူဟန်မြို့က စုစုပေါင်း သေဆုံးအရေအတွက်ဟာ ၃,၈၆၉ ယောက် ဖြစ်လာခဲ့ပြီး တရုတ်တနိုင်ငံလုံးရဲ့ စုစုပေါင်း သေဆုံးအရေအတွက်ဟာ ၄,၆၃၂ ယောက် ဖြစ်လာခဲ့ပါတယ်။    တရုတ်အစိုးရ  ကနဦး ထုတ်ပြန်ထားတဲ့  တနိုင်ငံလုံး စုစုပေါင်း သေဆုံးသူ ၃၀၀၀ ဝန်းကျင်ဆိုတာကို သံသယရှိတယ်လို့ ဧပြီ ၁၅ ရက်မှာ  အမေရိကန်သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။   ဒါကြောင့်မို့  ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တရုတ်အစိုးရ ထုတ်ပြန်ချက်တွေဟာ  ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ သံသယတွေ မကြာသေးခင်ရက်တွေက ပေါ်ထွက်လာပါတယ်။    တရုတ်အစိုးရဟာ အမှန်တကယ် ကိန်းဂဏန်းတွေကို ဖုံးကွယ်တယ်ဆိုတဲ့  စွပ်စွဲချက်တွေကို ဧပြီ ၁၇ ရက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်းလိုင်ကျန်းက တချို့နယ်ဆေးရုံတွေဟာ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုကို အချိန်မီ  အကြောင်းကြားနိုင်တာ မရှိခဲ့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
11 months Ago
Up