ကူးစက်ခံရသူ ၈ ဦး

January 27, 2020

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ ဦးအထိ ရှိလာ

ထိုင်းနိုင်ငံမှာ ၈ ယောက်မြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုထားသူ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးက သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးတွေ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက်မှာ ဆင့်ခေါ်လိုက်ပါတယ်။ ပြည်သူတွေကတော့ ကူးစက်မှုအပေါ် အစိုးရရဲ့ကိုင်တွယ်ပုံ မကျေမနပ်မှုတွေ ပိုတိုးလာနေပါတယ်။ ကူးစက်ခံ ၃ ယောက်ကို ဆေးကုပေးနေပြီး ၅ ယောက်ကတော့ နေပြန်ကောင်းတာကြောင့် အိမ်ပြန်သွားပြီလို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး အာနုတင်ချာဲန်ဝီရာကူးလ်က သတင်းထောက်တွေကို ပြောပါတယ်။ တရုတ်နိုင်ငံထဲမှာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၅၆ ဦး သေဆုံးပြီး ကူးစက်ခံ ဦးရေ ၂၀၀၀ ကျော်သွားပါပြီ။ ထိုင်းနိုင်ငံ အပါအဝင် အာရှပစိဖိတ်၊ ဥရောပနဲ့ မြောက်အမေရိကတိုက်တွေက တခြားနိုင်ငံတွေမှာလည်း ကူးစက်ခံရသူ အတည်ပြုချက် အစီရင်ခံစာတွေ ပြန့်ကျဲ ပေါ်ထွက်နေပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အကြီးဆုံးခရီးသည်ရင်းမြစ်ဖြစ်ပြီး မနှစ်က တရုတ်ခရီးသည် ၁၁ သန်းနီးပါး ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
1 year Ago
Up