ကူးစက်ခံရသူ ၃၁ ဦး

March 7, 2020

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများစု အီတလီမှလာသူများနှင့် ဆက်စပ်နေဟုဆို

ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁ ဦး ရှိလာနေပြီး ကူးစက်ခံရသူအများစုဟာ ဥရောပမှာ        ဗိုင်းရပ်စ်ကူးစက်ခံရမှုအများဆုံးဖြစ်တဲ့ အီတလီကလာတဲ့ ခရီးသည်တွေနဲ့ ဆက်စပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဗာဒန်က ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေဖြစ်ခဲ့တဲ့ တပ်ဂျ်မဟာအဆောက်အအုံတည်ရှိရာ အက်ဂရာမြို့ကိုလည်း အစိုးရဘက်က ထိန်းချုပ်စောင့်ကြည့်သွားဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။  ဝန်ကြီးချုပ် မိုဒီကတော့ ဒီလအစောပိုင်းက သူ့ရဲ့တွစ်တာမှာ လူထုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို အထိတ်တလန့်ဖြစ်နေဖို့ မလိုကြောင်း၊ အစိုးရအနေနဲ့လည်း ဗိုင်းရပ်စ်ထပ်မံပြန့်ပွားခြင်းမရှိအောင် ထိန်းချုပ်နေတယ်လို့ ပြောကြားထားပါတယ်။  အိန္ဒိယ ဝန်ကြီးချုပ်ဟာ လာမယ့်အပတ်မှာကျရောက်မယ့် ဟိန္ဒူဘာသာရေးပွဲတော်ကို ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံပေးချက်အရ  တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားသလို၊ သမ္မတ နန်းတော်နေရာ မှာလည်း လူအများအပြားပါဝင်မယ့် ဘာသာရေးပွဲ အခမ်းအနားတွေကို ပိတ်ပင်ထားတယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။ 
1 year Ago
Up