ကူးစက်ခံရသူ ၁ သန်းကျော်

A d v e r t i s e m e n t With Us

April 4, 2020

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းကျော်နှင့် သေဆုံးသူ ၆ သောင်းခန့်ရှိပြီ

ကမ္ဘာတဝန်း ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁ သန်းကျော်နဲ့ သေဆုံးသူ ၆ သောင်းလောက် ရှိပြီလို့ သိရပါတယ်။  ကူးစက်ခံရသူတွေထဲက  ၅၉၁၆၂ ဦး သေဆုံးပြီး  ၂၂၈၉၂၃ ဦး ပြန်လည်သက်သာ ပျောက်ကင်းလာပြီလို့ worldometers.info  ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံဟာ ကူးစက်ခံရသူ အများဆုံးဖြစ်ပြီး  ဧပြီး ၃ ရက်နေ့မှာတင် သေဆုံးသူ ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကူးစက်ခံရသူ နှစ်ဆ ကျော်ခဲ့ပြီးနောက် ကူးစက်ခံရသူ ၁ သန်းကျော်အထိ ရောက်လာခဲ့ပါတယ်။   ကူးစက်ခံရသူ အများဆုံးက အမေကန်ဖြစ်ပြီး ၂၇၇၁၆၁ ဦး ကူးစက်ခံရပြီး သေဆုံး ၇၃၂၉ ဦး ရှိသွားပြီဖြစ်ပါတယ်။ အီတလီမှာ ကူးစက်ခံရသူ ၁၁၉၈၂၇ ဦးနဲ့ သေဆုံးသူ ၁၄၆၈၁ ဦး၊   စပိန်မှာ ကူးစက်ခံရသူ ၁၁၉၁၉၉ ဦးနဲ့ သေဆုံးသူ ၁၁၁၉၈ ဦး၊ ဂျာမနီမှာ ကူးစက်ခံရသူ ၉၁၁၅၉ ဦးနဲ့ သေဆုံးသူ ၁၂၇၅ ဦး၊ တရုတ်မှာ ကူးစက်ခံရသူ ၈၁၆၃၉ ဦးနဲ့ သေဆုံးသူ ၃၃၂၆ ဦး၊ ပြင်သစ်မှာ ကူးစက်ခံရသူ  ၆၄၃၃၈ ဦးနဲ့ သေဆုံးသူ ၆၅၀၇ ဦး ရှိပြီလို့ worldometers.info  ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up