ကူးစက်ခံရသူ ၁၈ သိန်း

A d v e r t i s e m e n t With Us

April 13, 2020

ကမ္ဘာတဝန်း ကိုရိုနာကြောင့် သေဆုံးသူ ၁ သိန်း ၁ သောင်းကျော် ရှိပြီ

ကမ္ဘာတဝန်း ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ သိန်းကျော် ရှိသွားပြီး သေဆုံးသူ ၁၁၀,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီအထိ ကူးစက်ခံရသူဦးရေဟာ ၁,၈၅၃,၁၅၅ နဲ့ သေဆုံးသူ ၁၁၄,၂၄၇ ဦး ရှိပြီလို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကပ်ဘေးကြောင့် ထိခိုက်မှုအများဆုံးက ဥရောပ ဒေသဖြစ်ပေမဲ့  သေဆုံးသူအများဆုံးနိုင်ငံ အဖြစ် အမေရိကန်က အီတလီကို ကျော်သွားပါတယ်။ ဥရောပမှာ အထိခိုက်ဆုံးနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ စပိန်မှာ စနေနေ့က တိုးတက်မှု တချို့ ရှိခဲ့ပေမဲ့ စပိန်မှာ သေဆုံးသူက စနေနေ့မှာ ၅၁၀ ဦးရှိပါတယ်။  ပြင်သစ်မှာက စနေနေ့က ဆေးရုံတင်ရတဲ့လူနာဦးရေ ၂၀၄၄ ဦးရှိခဲ့ပြီး တနိုင်ငံလုံး စုစုပေါင်း ဆေးရုံတင်ရတဲ့ လူနာဦးရေ  ၃၁၀၀၀ကျော်ရှိနေပါတယ်။  ဒီထဲမှာမှ အထူးကြပ်မတ်ကုသဆောင်မှာ ထားပြီး ကုသနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာဦးရေက ၆၈၈၃ ဦး ရှိလာပြီလို့ သိရပါတယ်။ 
11 months Ago
Up